Pages

Tuesday, September 11, 2012

သီရိရှင်းသန့် လောဘ

 “တံတိုင်းများကို ဖြတ်ကျော်ခြင်း”ဆိုတဲ့ ဇာတ်ကားမှာ သီရိရှင်းသန့်က မိသားစုအတွက်  အနစ်နာခံသွားတဲ့ ကောင်မလေးတစ်ယောက်အဖြစ် သရုပ်ဆောင်နေပါ တယ်။ ဒီဇာတ်ကားက ဒရာမာဇာတ်ကားလေးဖြစ် တာကြောင့် အသစ်တစ်ယောက် အနေနဲ့ လိုအပ်ချက်တွေတော့ ရှိပေမယ့် အကောင်းဆုံးကြိုးစား ထားတယ်လို့လည်း   ပြောပြပါ တယ်။ ဇာတ်ကားရိုက်ကူးမှု တွေမှာတော့ လတ်တလော ဒရာမာဇာတ်ကားတွေ အရိုက် များနေတယ်လို့ ပြောပြ တာ ကြောင့်..“ကိုယ်ကတော့ မရိုက်ဖူးတာေ တွရိုက် ကြည့်ချင်တယ်။ ပညာလိုချင်တဲ့လောဘရှိ တယ်။ အခုဟာသကားတွေပဲ ကြည့်နေတဲ့ အချိန်မှာ ဒရမ်မာဇာတ်လေးနဲ့ ရသတစ်မျိုး ပေးချင်တယ်။ ဒါပေမဲ့ ဒရာမာက ခက်တော့ တော်တော်ကြိုးစားရတယ်။ ကိုယ်တိုင်ကဒရမ်မာလုပ်ရတာကိုလည်း ကြိုက်တယ်။ ကိုယ်နဲ့လည်း လိုက်တယ်လို့ထင်တယ်” လို့ ပြောပြပါတယ်။
သီရိရှင်းသန့်က “မြွေမြွေချင်းခြေမြင်”ဇာတ် ကားမှာလည်း ကျော်ရဲအောင်နဲ့အတူတွဲပြီး သရုပ်ဆောင်ထားသလို၊ ဒီဇာတ်ကားမှာ အသက်ကြီးတဲ့သူတစ်ယောက်အဖြစ် လည်း သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားနဲ့ ပတ်သက်ပြီး သီရိရှင်းသန့်က..“ဒီဇာတ်ကားမှာက ၃ ဆင်းန်လောက်ပဲပါတယ်။ ဒီကားကလည်း ဒရာမာ ကားလေးပဲ၊ အဓိကက အသက်ကြီးသွားတော့ မိတ်ကပ်နဲ့ ရုပ်ချရတာ ပေါ့။ အနှစ်၂ဝ လောက် ကြီးသွား တယ်ဆိုပေမယ့် တအားကြီး အသက်ကြီး သွား တာ မျိုး တော့ မဟုတ်ပါဘူး။ ဒီကားရိုက် တုန်း က လည်း အားလုံးကသင်ပေးကြပါတယ်”လို့ ပြော ပြပါတယ်။
မေမွန်မောင်
ref: Popular

No comments:

Post a Comment