Pages

Tuesday, September 18, 2012

ပုဂ္ဂလိက အမြန်ချောပို့ မြို့နယ်များ ထပ်တိုးပို့မည်


ပုဂ္ဂလိက ပြည်တွင်းအမြန်ချော စာပို့လုပ်ငန်းကို ပြင်ဦးလွင်နှင့် မုံရွာမြို့ နှစ်မြို့တွင် ထပ်မံတိုးချဲ့ ဝန်ဆောင်မှု ပေးနေပြီဖြစ်ကြောင်း United Courier Services မှ ဒါရိုက်တာ ဦးဝင်းစန်းထွေးက ပြောသည်။ အဆိုပါ မြို့များတွင် ပြည်တွင်းအမြန်ချော စာပို့လုပ်ငန်းကို အိမ်တိုင်ရာရောက်စနစ် အသုံးပြုပြီး စီးပွားရေးဆိုင်ရာ စာရွက်စာတမ်းများ၊ ကုန်ပစ္စည်းနမူနာများ၊ လက်ဆောင်ပစ္စည်းနှင့် ကိုယ်ရေးကိုယ်တာ အသုံးအဆောင် စာများကို ယနေ့ပို့ မနက်ဖြန်ရောက် စနစ်ဖြင့် ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။ “ပုဂ္ဂလိက စာပို့လုပ်ငန်းကို ထိရောက်အောင် ဆောင်ရွက်ဖို့အတွက် မြို့ကြီးတွေမှာ တိုးချဲ့သွားဖို့ စီစဉ်နေပါတယ်။ ရာသီဥတု အခြေအနေကြောင့် တခြားမြို့တွေမှာ မဖွင့်နိုင်သေးဘူး” ဟု ဦးဝင်းစန်းထွေးက ပြောသည်။ ပြည်တွင်း အမြန်ချော စာပို့လုပ်ငန်းကို လက်ရှိတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပြည်၊ မကွေး၊ မြိတ်၊ ဘားအံ အစရှိသည့် မြို့များသို့ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။ ဆက်လက်၍ အမြန်ချောပို့ ဝန်ဆောင်မှု လုပ်ငန်းကို ပုသိမ်၊ ပဲခူး၊ မော်လမြိုင်၊ တောင်ကြီး၊ မြစ်ကြီးနား အစရှိသည့် မြို့များတွင်လည်း တိုးချဲ့ဝန်ဆောင်မှု ပေးနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ကျောင်းသား၊ ကျောင်းသူများအတွက် အရေးကြီး စာရွက်စာတမ်းများ ပို့ဆောင်ပါက ၂၀ ရာခိုင်နှုန်း လျှော့ပေးသွားမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

From : ခေတ်လူငယ်

No comments:

Post a Comment