Pages

Tuesday, September 25, 2012

ကလောမြို့၊ ၀က်ဖြူကျေးရွာတွင် အပွင့် ၂ ပွင့်ထပ်၍ ပေါက်နေသော မှိုပွင့်ကြီးတွေ့ရှိ



ကလော၊ စက်တင်ဘာလ(၂၅)
ကလောမြို့၊ ၀က်ဖြူကျေးရွာအုပ်စု၊ ရေယားကျေးရွာ ပြည်ထောင်စုလမ်းမကြီးဘေးက မော်ဒန်ပန်းခြံအတွင်း ၀ါးရုံပင်အောက်မှာ အရွယ်အစားကြီးမားတဲ့ မှိုပွင့်ကြီး ၁ ပွင့် ပေါက်နေတယ်လို့ ရှမ်းသတင်းဌာနကို ကလောမြို့ မှ ကိုစိုင်းထူးက သတင်းပေးပို့လာပါတယ်။

အဲဒီမှိုပွင့်ကြီးမှာ အရိုးတံတစ်ခုတည်းရှိပြီး အပွင့် ၂ ပွင့်ထပ်ပြီး ပေါက်နေတယ်လို့ ပြောပါတယ်။ မှိုပွင့်ကြီးရဲ့ အမြင့်ကတော့ ၁၃ လက်မရှိပြီး အောက်ဘက်မှိုပွင့် အရွက်အရွယ်အစားကတော့ ၁၈ လက်မနဲ့ အပေါ်ဘက် မှိုပွင့် အရွယ်အစားကတော့ ၁၂ လက်မရှိတယ်လို့ သိရပါတယ်။ မှိုပွင့်ရိုးတံလုံးပတ်အနေနဲ့ ၂၀ လက်မ ရှိတယ်လို့ သိရပါတယ်။
အဲဒီမှိုပွင့်ကြီးက လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ပေါက်နေတာဖြစ်ပြီး စက်တင်ဘာလ(၂၄)ရက်နေ့ နံနက်စောစောမှာတော့ ယခုအရွယ်အစားအတိုင်း ကြီးမားလာပြီး ထူးဆန်းတဲ့ မှိုပွင့်ကြီးကို လာရောက် ကြည့်ရှုသူ များပြားနေကြောင်း သိရှိရပါတယ်။




No comments:

Post a Comment