Pages

Sunday, September 16, 2012

အလေးချိန် ၁ ပေါင် တစ်အောင်စဖြင့်ကမ္ဘာ့ စံချိန်သစ် တင်ခဲ့သော ကြက်သွန်ဥကြီး

ဗြိတိန်နိုင်ငံမှ ပီတာဂလေ့ဇ်ဘရု အမည်ရှိ ဥယျာဉ်ခြံ စိုက်ပျိုးသူ တစ်ဦး၏ ခြံမှထွက် ရှိသော ကြက်သွန် ဥကြီးသည် ကမ္ဘာ့ အကြီးဆုံး ကြက်သွန်ဥ အဖြစ် စံချိန် သစ်တင်နိုင် ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြက်သွန် ဥကြီး သည် ၁၈ ပေါင် နှင့် ၁ အောင်စ အလေးချိန် ရှိပြီး ယခင်က ကမ္ဘာ့ စံချိန်တင် ခဲ့သော ကြက်သွန်ဥကြီး ထက် ၂ အောင်စ နီးပါးပို၍ လေးလံသည်။ အသက် ၆၈ နှစ်အရွယ် ရှိ ပီတာ ဂလေ့ဇ်ဘရု၏ ခြံမှထွက်သော သီးနှံများသည် သာမန်ထက် ပိုမိုကြီးမား သော အရွယ်အစား များရှိပြီး ယခုကြက် သွန်ဥကြီး ကိုလည်း လူအများ ကမျက်စိကျ လျက်ရှိကြ သည်။ ယခုနှစ် အစောပိုင်း ကလည်း မစ္စတာ ဂလေ့ဇ်ဘရု ၏ခြံမှ ကမ္ဘာ့ အရှည်ဆုံး ရွက်စား မုန်လာ ပင်ထွက်ရှိ ခဲ့ပြီး ၄င်း မုန်လာပင်သည် သာမန်ထက် ၁၈ ဒသမ ၅ ပေ (၃၆)ဆ ခန့်ပို၍ ရှည်လျား သည်။ ထို့အပြင် ၄င်း ၏ခြံမှ ရွက်စား မုန်လာများသည် နှစ် ကြိမ် တိုင်တိုင် ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ ကြောင်းသိရသည်။


 

No comments:

Post a Comment