Pages

Sunday, September 23, 2012

ဂျက်စတင်တင်ဘားလိတ်၏ တေးအယ်လ်ဘမ်သစ်များ ထွက်ရှိနိုင်ဦးမည်မဟုတ်


(လော့စ်အိန်ဂျလိစ် စက်တင်ဘာ ၂၂)
အဆိုတော် ဂျက်စတင် တင်ဘား လိတ်သည် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေး လုပ်ငန်း များဖြင့် အလုပ်များ လျက်ရှိ သောကြောင့် တေး အယ်လ်ဘမ် သစ်များ ထွက်ရှိနိုင်ဦး မည်မဟုတ်ဟု  သိရသည်။

မိမိ၏ တေးအယ်လ် ဘမ်သစ် အတွက် အကောင်းဆုံး ဖြစ်စေရန် ကြိုးစားဖန် တီးသွား မည် ဖြစ်ပြီး လောလော ဆယ်တွင် ဖြန့်ချိနိုင်မည် မဟုတ်ကြောင်း ဂျက်စတင်က ပြောကြား ခဲ့သည်။

ဂျက်စတင်သည် ဟောလီးဝုဒ် မင်းသမီးချော ဂျက်ဆီကာ ဘေးလ်နှင့် စေ့စပ်ခဲ့ပြီး ပြီးခဲ့သည့် နှစ်များမှ စ၍ "The Social  Network"  နှင့် "Friends With Benefits" ဇာတ်ကား များတွင် ပါဝင်သရုပ် ဆောင်ခဲ့သည်။

ဂျက်စတင်သည် လတ်တလောတွင် မင်းသမီး အေမီအက် ဒမ်စ်နှင့် အတူ "Tr-ouble With The Curve"  ဇာတ်ကား ရိုက်ကူးလျက်ရှိသည်။ ၎င်းဇာတ်ကား ရိုက်ကွင်းတွင် ဂျက်စတင်သည် သတိ မေ့မြောသွား သည့် အတွက် အေမီအက် ဒမ်စ်က အသက်ရှု ကုသနည်းဖြင့်  သတိ ပြန်လည်စေရန် ကူညီပေးခဲ့သည်။ ထို့ ကြောင့် အက်ဒမ်စ်သည် သူ၏အသက် သခင် ကျေးဇူးရှင်ဖြစ်ကြောင်း ဂျက် စတင်က ကျေးဇူးတင် စကားပြောကြား ခဲ့သည်ဟု အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။

No comments:

Post a Comment