Pages

Thursday, September 20, 2012

လွှတ်တော်နှင့် ကာချုပ်ရုံးရှေ့ ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်မရ

September 20,2012

ကချင်ငြိမ်းချမ်းရေး ကွန်ရက်နဲ့ အခြားလူမှုအဖွဲ့အစည်းတွေ စုပေါင်းပြီး နေပြည်တော် လွှတ်တော် အဆောက်အဦနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့ ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုချက်မရဘူးလို့ ကွန်ရက်တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီကိစ္စ နေပြည်တော် တာဝန်ရှိသူတွေက အယူခံဝင်ဖို့ ပြောတဲ့အတွက် အယူခံ ဆက်ဝင်ထားကြောင်း၊ ဒါပေမယ့် ခွင့်ပြုချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မူလအစီအစဉ်အတိုင်း ဆန္ဒ ထုတ်ဖော်ပွဲတွေ ဆက်ပြီး လုပ်ကိုင်သွားမယ်လို့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ဝင် ကိုကျော်ဂွန်းက ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ မြန်မာပြည် အခြေစိုက် လူမှုကွန်ရက် ၁၅ ဖွဲ့ ပူးပေါင်းပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ဦးတည်တဲ့ “တနိုင်ငံလုံး စစ်ပွဲရပ်” slogun နဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှု ပြုလုပ်သွားမယ်ဖြစ်ကြောင်း ကွန်ရက် အဖွဲ့ဝင်တွေက အတိအလင်း ကြေညာထားပါတယ်။

DVB

No comments:

Post a Comment