Pages

Thursday, September 20, 2012

စစ်ပွဲတွေ ရပ်ပစ်

September 20,2012



ယနေ့  နေ့ နံနက် ၁၀ နာရီတွင် ဆရာစူးမြင့်သိန်းက အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေး နေ့ အကြို တစ်ကိုယ်တော် ပါဖော့မန့် ပြကွက် ပြသခဲ့သည်။

၃၈လမ်း၊ ၆၉လမ်း ရှိ အလင်းတံခါးပန်းချီ၊ပန်းပု ပြခန်းမှ စတင်၍ လမ်းလျှောက်ပါဖော့မန့် ပြခဲ့သည်။

 ၈၄လမ်း ၊ ၂၉ x ၃၀ လမ်း အရောက်တွင် ပါ့ဖော့မန့် ပြနေသော ဆရာစူးမြင့်သိန်း အား အရပ်ဝတ်ရဲများက ကားနံပါတ်(၂ခ/၃၂၂၀) မီနီလိုက်ထရပ်အဖြူရောင်ကားဖြင့် ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

သတင်း၊ ဓာတ်ပုံ - CJM-1717
Credit ~ CJMyanmar
 


CJ Myanmar ဖေ့စ်ဘုတ်တွင် သတင်းဖတ်သူတဦးက - ဟိုပင်သား ဆရာ စူးမြင့်သိန်း (စာလုံးပေါင်းအမှန်က စူးလို့ ထင်ပါတယ်။ ဆရာက ပန်းချီရော၊ ပန်းပုရော စွယ်စုံရတဲ့သူပါ။ စူး ဆိုတာ ပန်းပုမှာ သုံးတဲ့ စူး ဆောက် စတဲ့ ကိရိယာ တန်ဆာပလာကနေလာတာပါ) ဟု ရေးထားသည်။

'

No comments:

Post a Comment