Pages

Wednesday, September 12, 2012

အပ်နှံခွင့်မပြုသေးသော (ဘ)အက္ခရာယာဉ်များအား ကြိုတင်ဝယ်ယူမှုများ ရှိနေ

ရန်ကုန်၊စက်တင်ဘာ ၁၁
ဆက်လက်အပ်နှံခံမည့် ‘ဘ’အက္ခရာ ယာဉ်ဟောင်းများအား ကြိုတင် ဝယ်ယူစုဆောင်းမှုများရှိနေကြောင်း ကားဝယ်ရောင်းသမား များထံမှ သိရသည်။
အဆိုပါ ‘ဘ’ အက္ခရာယာဉ်ဟောင်းများကို ကားတင်သွင်းသည့် ကုမ္ပဏီများ၊ ယာဉ်ဟောင်းလဲလှယ်၍ အသစ်တင်သွင်း လိုသူများမှ ဝယ်ယူမှုများရှိ သည်ဟု ဝါရင့်ကားဝယ်ရောင်းတစ်ဦးက ပြော သည်။လက်ရှိအပ်နှံခံလျက်ရှိသည့် ‘ဗ’ အက္ခရာနှင့် ‘ဘ’ အက္ခရာမှာ ကျပ် ငါးသိန်းမှ ကိုးသိန်းကြားကွာခြားကြောင်း ကားပွဲ စားများထံမှ သိရ သည်။ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ ယာဉ်ဟောင်း အပ်နှံရေး ဒုတိယ အသုတ်အနေဖြင့် ‘ဗ’အက္ခရာ တစ်မျိုးတည်းကိုသာ အပ်နှံရန် တရား ဝင်ကြေ ညာထားသော်လည်း နှစ် ၂ဝ ကျော် ယာဉ်ဟောင်းအားလုံးကိုပါ အပ်နှံခံရန် အစီအစဉ်ရှိသည့်အတွက် ‘ဗ’ အက္ခရာပြီးစီးပါက ဘ၊ လ၊ သ အပြင် ‘အ’အက္ခရာအထိ ယာဉ်ေ ဟာင်းများပါ အပ်နှံခံရန် အစီ အစဉ်ရှိသည်ဟု ကညန ရန်ကုန်မှ အကြီးတန်းအရာရှိတစ်ဦးက ပြော သည်။”အခု အအပ်ခံနေတဲ့ ‘ဗ’ ကားတွေ သစ်မှာပြီး ဒီဘက်ဆိပ်ကမ်း   ရောက်လာတဲ့ အချိန်မှာ ‘ဘ’အက္ခရာတွေက အပ်နှံခံလောက်မယ့်အချိန် ကွက်တိ ဖြစ်လောက်တာရယ်။ အခုက ‘ဘ’ ကို အပ်ခံမယ်ဆိုပြီး အသံမထွက်သေးတော့
ဈေးကအရမ်းမတက်သေးတာရယ်ကြောင့် ဝယ်ပြီး စုနေကြတာပါ”ဟု ဟံသာဝတီကားပွဲစားတန်းမှ ကားပွဲစားဦးအောင်မင်း က ပြောသည်။ယာဉ်ဟောင်းအပ်နှံရေး ပထမအသုတ်အဖြစ် အပ်နှံခဲ့သည့် စ၊ဆ၊ဇ၊ဈ၊ ည၊ဏ၊ထ၊ဒ၊ဓ၊န၊ပ အက္ခရာများမှာ သြဂုတ်လကုန်ပိုင်းအထိ အပ်နှံခံရန် ၁၉ ရာခိုင်နှုန်းနီးပါး ကျန်ရှိနေသေးပြီး ယင်းအ သုတ်၏ နောက်ဆုံးအက္ခရာ ယာဉ်များဖြစ်သည့် ‘န’ နှင့် ‘ပ’ အက္ခရာယာဉ်များမှာ ကျပ် ၆၅ သိန်း မှ ၆၈ သိန်းအထိသာ အများဆုံး အရောင်းအဝယ်ဖြစ်နေကြောင်း ကားပွဲ စားများထံမှ သိရသည်။ယာဉ်ဟောင်းအပ်နှံရေး ပထမအသုတ်အဖြစ် အပ်နှံခံသည့် ယာဉ် များအား ကားသစ်တင်သွင်းလာပါက အခွန် ၄ဝ ရာခိုင်နှုန်းသာ လျှော့ချ   ပေးခဲ့သော်လည်း ဒုတိယအသုတ်အပ်နှံခံသည့် ယာဉ်ဟောင်းများအား အခွန် ၆ဝ ရာခိုင်နှုန်းအထိ လျှော့ချကောက်ခံလျက်ရှိကြောင်း ကညနမှ သိရသည်။
ညွန့်ဝင်း၊ ဝေမာထွန်း
ref:  Popular new

No comments:

Post a Comment