Pages

Wednesday, September 12, 2012

ရန်ကုန် စတော့ဈေးကွက် ၂ဝ၁၅ တွင် ပေါ်ထွန်းရေး ဂျပန်ကူမည်

ရန်ကုန်၊ စက်တင်ဘာ ၁ဝ
၂ဝ၁၅ ခုနှစ်တွင် ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်ပေါ်ထွက်လာရေး ဂျပန်၏အကူအညီယူ၍ လုပ်ကိုင်သွားမည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သိရသည်။
   စတော့အိတ်ချိန်း ဈေးကွက် ပေါ်ပေါက်လာရေးအတွက် တိုကျို စတော့အိတ်ချိန်းနှင့် မြန်မာနိုင်ငံ ဗဟိုဘဏ်တို့ နားလည်မှု စာချွန် လွှာကို ယခုနှစ် မေလတွင် လက် မှတ်ရေးထိုးခဲ့ပြီး ဂျပန်နိုင်ငံ ဘဏ္ဍာ ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဗဟိုဘဏ်တို့အကြား နည်းပညာ ပူေးပါင်းဆောင်ရွက်ရန် နားလည် မှု စာချွန်လွှာ လက်မှတ်ရေး ထိုး နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အရင်းအနှီး ဈေးကွက်နှင့် စတော့အရောင်းအဝယ်ဆိုင်ရာ ဥပဒေများကို ၁၉၉၆ ခုနှစ်တွင် စတင် ရေးဆွဲခဲ့ပြီး ယခု အချိန်အထိ အတည်ပြု ထုတ်ပြန်နိုင်ခြင်း မရှိ သေးကြောင်း၊ ယခု နောက်ဆုံး ရေးဆွဲ တင်ပြထားသော ဥပဒေ ကြမ်းကို သြဂုတ်လ ၂၂ ရက်နေ့တွင် အမျိုးသား လွှတ်ေ တ်ာမှ အတည်ပြုပေးခဲ့ပြီး လာမည့် ပထမ အကြိမ် လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးပွဲတွင် အတည်ပြု ချက် ရယူသွားရန် ရှိသည်ဟု သိ ရသည်။ရန်ကုန် စတော့အိတ် ချိန်း ဈေးကွက် ပေါ်ထွန်းလာစေရေး အတွက် အဆင့် ၃ ဆင့်သတ်မှတ် ဆောင်ရွက်သွားမည် ဖြစ်ပြီး တို ကျိုစတော့အိတ်ချိန်းနှင့် ပူးပေါင်း ၍ နေရာ ၆ ခု သတ်မှတ်ဖော်   ဆောင်သွားမည်ဟု သိရသည်။ထိုကဲ့သို့ စတော့အိတ်ချိန်း ဈေးကွက် ပေါ်ပေါက်လာရေး အတွက် အများပိုင် ကုမ္ပဏီများ လိုအပ်နေပြီး လက်ရှိတွင် မြန်မာ နိုင်ငံ၌ အများပိုင်ကုမ္ပဏီ ၂၂ ခုရှိသော်လည်း ကုမ္ပဏီ ၄ ခုမှလွဲ ၍ ကျန်ကုမ္ပဏီများမှာ ရှယ်ယာ ရောင်းချနိုင်ရန် ခက်ခဲနေကြောင်း၊အများပိုင်ကုမ္ပဏီ အများအပြား ပေါ်ပေါက် လာရန်မှာ လက်ရှိ အနေ အထားတွင် အခက်အခဲများ ရှိနိုင် ပြီး လတ်တလော အောင်မြင်ပြီး လုပ်ငန်းကြီးများမှ ရှယ်ယာခွဲဝေ ရောင်းချ၍အများပိုင်ကုမ္ပဏီအဖြစ်   ပြု လုပ်သင့်ကြောင်း ဘတ်ဂျက် ဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း) ဦးစိုးသိမ်းက ပြောသည်။
ဝေယံမိုးမြင့်၊ သူရထွန်း
ref: Popular new

No comments:

Post a Comment