မြန်မာနိုင်ငံမှ နော်ဝေးနိုင်ငံသို့ တင်ပို့မည့် ပို့ကုန်အားလုံး ယေဘု ယျအခွန် ကင်းလွတ်ခွင့် (Generalized System of Preferences (GSP) ကိုစက်တင်ဘာ ၇ရက်တွင် စတင်ခွင့်ပြုလိုက်ကြောင်း စီးပွား ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ် ဦးက ပြောသည်။
အဆိုပါGSP ပေးအပ်ရန် ဆွေးနွေးပွဲကို စက်တင်ဘာ ၇ ရက်က ပါ့ခ်ရွိုင်ရယ်ဟိုတယ်တွင် နှစ်ဖက် တာဝန်ရှိသူများ ဆွေးနွေး ခဲ့ကြပြီးနောက် ပေးအပ်ခဲ့ခြင်းဖြစ် သည်ဟု စီးပွား/ကူးသန်းဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးသန်း အောင်ကပြောကြားသည်။
ထိုကဲ့သိုGSP ရရှိသည့်အ တွက် မြန်မာနိုင်ငံမှ ထုတ်လုပ် သည့်ပစ္စည်းများ ဝယ်ယူရာတွင် နော်ဝေးနိုင်ငံမှပေးဆောင်ရသည့် ၁၃ ဒသမ ၇ ရာခိုင်နှုန်းအား ပေး ဆောင်စရာမလိုတော့ပေ။ “လက်ရှိမှာ ရေထွက် ပစ္စည်း ကနော်ဝေးကိုပို့တာမရှိသလောက် ပဲ။GSP ရပြီဆိုတော့ နောက်ပိုင်း မှာ သူတို့လိုချင်တဲ့ဈေးကွက်ကို တည့်ပေးရမယ့် သဘောရှိလာ တယ်။နော်ဝေးကတော့ Seafood (ပင်လယ်စာ)စားတာများတယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်ကပြောကြားသည်။
မြန်မာနိုင်ငံတွင် လူ့အခွင့် အရေးချိုးဖောက်မှုနှင့် အလုပ် သမားအခွင့်အရေးများ မရရှိသ ဖြင့် ဥရောပနိုင်ငံအချို့နှင့်ဥရောပ သမဂ္ဂတို့က မြန်မာနိုင်ငံကိုGSP ပေးမထားသောကြောင့် ရေထွက် ပစ္စည်းနှင့်အဝတ်အထည်များမှာ ဒေသတွင်း အခြားနိုင်ငံများနှင့် ဈေးကွက်မယှဉ်နိုင်ဖြစ်ခဲ့သည်။
နော်ဝေးနိုင်ငံက GSPစတင် ပေးသဖြင့် အီးယူ(ဥရောပသမဂ္ဂ) ကလည်းGSP ပေးလာနိုင် ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုဥက္ကဋ္ဌဦးနှင်းဦးကသုံး သပ်သည်။ နှစ်ပေါင်းများစွာ စီးပွားရေး ပိတ်ဆို့မှု လုပ်ထားသော နော်ဝေး နိုင်ငံက သမ္မတဦးသိန်းစိန်လက် ထက်တွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာသဖြင့် ၂၀၁၂ ဧပြီ ၁၅ ရက်မှစ၍ စစ်လက်နက်တင်ပို့ ရောင်းချခြင်းမှလွဲ၍ ကျန်အရေး ယူပိတ်ဆို့မှုများကို ဖယ်ရှားပေး ခဲ့သည်။
ref: 7days New

No comments:
Post a Comment