Pages

Tuesday, September 25, 2012

မန္တလေး ကွန်ဗင်းရှင်း စင်တာ တည်ဆောက်မည်


မြန်မာနိုင်ငံ၏ ဒုတိယစီးပွားရေး မြို့တော်ဖြစ်သော မန္တလေး မြို့တွင် အစည်းအဝေးနှင့် ရုံးခန်းများ ပါဝင်သော မန္တလေး ကွန်ဗင်းရှင်း စင်တာကို တည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေး မြို့တော်ဝန် ဦးအောင်မောင်းက ပြောကြားသည်။

အဆိုပါ ကွန်ဗင်းရှင်း စင်တာကို မန္တလေးမြို့ရှိ သိပ္ပံလမ်း တောင်ဘက် ပေ ၅၀၀နှင့်ပေ ၂၄၀အကျယ်အဝန်း တွင် နှစ်ထပ် အဆောက်အဦ အဖြစ် ဆော
က်လုပ်ရန် နေရာရွေးချယ်ထား ပြီးဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယခုလ ၂၂ ရက်နေ့က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်သော အစည်းအဝေး တွင် ယင်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ 

ထိုအဆောက်အဦကို ဆောက်လုပ်ရန် ခွင့်ပြုမိန့်ကို ကတ်ဘိနက် အစည်းအဝေးသို့ တင်ပြထား ပြီးဖြစ်ကြောင်း နှင့် ခွင့်ပြုချက် ရပါက အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ၎င်း၏ အဆိုအရ သိရသည်။
From : the voice

No comments:

Post a Comment