Pages

Thursday, September 20, 2012

အရင်လို မဟုတ်ပါဘူး

September 20,2012


ယမန်နေ့က ကွန်ဂရက်လွှတ်တော် ရွှေတံဆိပ်ဆု လက်ခံယူနေသည့် ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- Global post.com 

 
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆို အမေရိကန် ပြည်ထောင်စု ကို ရောက်နေပါတယ်။ ဒါဟာ နှစ်ပေါင်း ၂၄ နှစ်ကျော်မှာ တတိယမြောက် နိုင်ငံခြား ခရီးစဉ် ထွက်ခြင်း လည်းဖြစ်ပါတယ်။ 

 ပထမဆုံး နိုင်ငံခြား ခရီးစဉ်ကတော့ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ စီးပွားရေး ဖိုရမ်တက်ခဲ့ဖို့ လာတဲ့ အိမ်နီးချင်း ထိုင်း ခရီးစဉ်ပါ။ နောက်တော့ နိုဗဲလ်ငြိမ်းချမ်းရေး ဆုကို နော်ဝေနိုင်ငံမှာ လက်ခံရရှိတဲ့ မိန့်ခွန်းပြောတာ၊ ဗြိတိသျှ လွှတ်တော် ၂ ရပ် ပေါင်း မှာ သမိုင်းဝင် မိန့်ခွန်းတွေ ပေးခဲ့တာ စသဖြင့် ပြီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ် ၂ ခုလုံးဟာ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ထိပ်တန်း သတင်းတွေအဖြစ် ဖော်ပြခဲ့စဉ် မြန်မာ့ သတင်းစာတွေမှာတော့ မဖော် ပြခဲ့ပါဘူး။ 

ဒီနေရာမှာ လုံးဝ မဖော်ပြတာတော့ မဟုတ်ဘူး။ ခပ်ပါးပါး တပုဒ်တော့ အစိုးရ ၀န်ကြီး သတင်းကို ဖော်ပြဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်နာမည်လေးပါတဲ့ သတင်းတိုလေး တပုဒ်ကို ဖော်ပြခဲ့ဖူးပါတယ်။ 

ဒီတော့ မြန်မာပရိတ်သတ်တွေလည်း တချိန်က အငိုမင်းသားကြီး ဦးကျော်ဆန်းရဲ့ ပြန်ကြားရေး ၀န်ကြီးဌာန က တကမ္ဘာလုံးက ထိပ်တန်းသတင်းဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်သတင်းကို ရည်ရွယ်ချက် ရှိရှိ ဖော်ပြ ဖို့ ပျက်ကွက်ခဲ့ တာကို မကျေနပ်သံတွေက ထုနဲ့ ဒေးဖြစ်ခဲ့ဖူးပါတယ်။ 

အခုတော့ အရင်ကလို မဟုတ်တော့ပါဘူး။ ၀ံကြီး ဦးကျော်ဆန်းလည်း သမ အောင် ၀ါယမ စိုက်ထုတ်ရတဲ့ ၀န်ကြီးဌာနကို ပြောင်းသွားပြီးနောက်ပိုင်း တချိန်က သူ့ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကလည်း ပြန်ကြားရေး ဒုဝန်ကြီးဖြစ်လာတယ်၊ နောက် ဆက်ဆံရေး ပြေပြစ်ကောင်းမွန်တဲ့ ဦးအောင်ကြည်က ပြန်ကြားရေး ၀န်ကြီး ဖြစ်လာတာရယ်ကြောင့် ဖြစ်ပါတယ်။ 

ဒါကြောင့်ပဲ ဒီကနေ့ မနက်စောစောက သူ့ရဲ့ အင်တာနက်ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ရေးသားကာ သတင်းစကား ပါး ထားပါတယ်။ “ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော် မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁၉ ရက်နေမှာ အမေရိကန် ကွန်ဂရက်က ချီးမြှင့်တဲ့ Congressional Gold Medal ဆုလက်ခံရယူတဲ့ သတင်းကို အချိန်ကွာခြားမှုကြောင့် ယနေ့ထုတ်နိုင်ငံပိုင် သတင်းစာများမှာဖော်ပြနိုင်မှု မရှိခဲ့ပါဘူး။ ဒါပေမယ့် စက်တင် ဘာ ၂၁ ရက်နေ့ သတင်းစာများ မှာဖော်ပြနိုင် ဖို့ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။” လို့ ပြန်ကြား ရေး ၀န်ကြီးဌာန ဒုဝန်ကြီး အသစ်စက်စက် ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ကြိုတင် သတင်းပေး ထားချက် ပါ။ 
 
ဧရာဝတီ(Blog)

No comments:

Post a Comment