Pages

Tuesday, September 11, 2012

ဂင်းနစ်စံချိန် တင်ခဲ့သည့် ဆော်ဒီနိုင်ငံမှ ဧရာမရေပန်းကြီး

ရီယတ် စက်တင်ဘာ ၁ဝ

ဆော်ဒီအာရေဗျ နိုင်ငံမှ ဧရာမရေပန်းကြီးသည် ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် ဆွဲဆောင်မှု အရှိဆုံး ရေပန်းအဖြစ် ဂင်းနစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရေပန်းသည် နိုင်ငံ၏ အရှေ့ပိုင်းရှိ ဟူဖူမြို့တွင် တည်ရှိပြီး ဘုရင် အဗ္ဗဒူလာ ရေပန်းဟု အမည်တွင်ကြောင်း ဂင်းနစ်မှတ်တမ်းမှ တာဝန်ရှိသူ များ၏ ပြောကြားချက်ကို ဆော်ဒီ နိုင်ငံထုတ် AL Riyadh သတင်းစာက ဖော်ပြခဲ့သည်။

၎င်းရေပန်းသည် အကျယ်အဝန်း မီတာ ၅ဝဝဝဝဝ ရှိ ပန်းခြံ၏ အထင်ကရ နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၎င်းပန်းခြံအတွင်း၌ မီတာ ၇ဝဝ နီးပါးရှိသည့် ရေကန်ကြီး တစ်ခုရှိသည့်အပြင် လာရောက်လည်ပတ် သူများ အတွက် လှပသော ရေပန်းငယ်လေးများ၊ အဆောက်အအုံများနှင့် တံတား များကိုပါ အလှဆင် တည်ဆောက် ထားကြောင်း သိရသည်။
REF: Royal Hero

No comments:

Post a Comment