Pages

Tuesday, September 11, 2012

စင်ကာပူသို့ ကျွဲကောသီးထပ်မံတင်ပို့နိုင်ရန် လိုအပ်ချက်များရှိနေ

 (ရန်ကုန် စက်တင်ဘာ ၉)
ပြည်တွင်းမှထွက်ရှိသည့် ကျွဲကောသီးများ စင်ကာပူနိုင်ငံသို့ ထပ်မံတင်ပို့ နိုင်ရန်အတွက် လိုအပ်ချက်များ ရှိနေ ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း မှ သိရသည်။''စင်ကာပူကို ကျွဲကောသီး တင်ပို့တာ အဆင်ပြေပါတယ်။ ဒါပေမဲ့အသီးမှာ လိုအပ်ချက်ရှိနေတယ်။   ဒီဘက်က အသီးက သဘာဝအတိုင်း တင်ပို့ တဲ့ အသီးဆိုတော့ အပြင်ပန်း မလှဘူး။ သူတို့နိုင်ငံမှာ အပြင်ပန်း အလှကို ဦးစားပေးတာ ဆိုတော့ ထပ်စိုက်မယ့် အသီးတွေမှာ မျက်နှာအခွံ လှအောင် လုပ်ဖို့လိုနေတယ်။ နောက်ပြီး ဝယ်သူနဲ့ အချိတ် အဆက်မိဖို့လည်း လိုနေတယ်။ နောက်ထပ် တင်ပို့ဖို့ အတွက်လည်း အအေးခန်း ကွန်တိန်နာ အဆင်သင့် မရှိသေးဘူးဖြစ် နေတယ်။ စနစ်မကျတာတွေ ရှိနေတယ်'' ဟု မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။
ပြည်တွင်းမှ ထွက်ရှိသည့် ကျွဲကောသီးများအား သြဂုတ် ၂၅ရက်တွင် အအေးခန်း ကွန်တိန်နာများ အသုံးပြု၍ ပထမဆုံး အကြိမ်တင်ပို့ခဲ့ပြီး လက်ရှိအချိန်တွင် ရောင်းသူနှင့် ဝယ်သူကြား အချိတ်အဆက် မိစွာ ဆောင်ရွက်နိုင် ရန်နှင့် အခြေခံ အဆောက်အအုံ လိုအပ်ချက်များ ပိုမို စနစ်ကျစွာ ဆောင်ရွက်နိုင်ရန် လိုအပ်ချက် များကြောင့် ကျွဲကောသီးအား ဒုတိယ အခေါက် ထပ်မံတင်ပို့ရန် မသေချာမှု များ ဖြစ်ပေါ်နေကြောင်း သိရသည်။
ref: MWD

No comments:

Post a Comment