Pages

Wednesday, September 12, 2012

နေပြည်တော်၌ ကျင်းပနေသော Myanmar Global Investment ဖိုရမ်သို့ နိုင်ငံတော် သမ္မတ တက်ရောက် ဖွင့်လှစ်


နေပြည်တော်၌ ကျင်းပနေသော Myanmar Global Investment ဖိုရမ်သို့
 နိုင်ငံတော် သမ္မတ တက်ရောက် ဖွင့်လှစ်နေစဉ်။ 

Myanmar Global Investment ဖိုရမ်ကို Euro Money အဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်း ပြည်ပမှ ပညာရှင်များက မြန်မာ့စီးပွားရေး အနာဂတ်၊ ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက် ဖွင့်ခြင်း၊ မြန်မာနိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေ၊ မြေယာနှင့် အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှု လုပ်ငန်း၊ အခြေခံ ကုန်ထုတ်လုပ်မှု ကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍ၌ ရင်းနှီးမြုပ်နှံရေး အစရှိသည်တို့ကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရပါသည်။

Myanmar Global Investment ဖိုရမ်ကို စက်တင်ဘာလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့အထိ နှစ်ရက် ပြု လုပ်မည် ဖြစ်ပြီး ဆွေးနွေးပွဲ ပထမနေ့ အစပိုင်းတွင် မြန်မာနိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေဆိုင်ရာ ကိစ္စရပ် များကို အဓိက အနေဖြင့် အများဆုံး ဆွေးနွေးမှု ပြုလုပ်နေကြောင်း သိရပါသည်။


သတင်း
Eleven Media Group

No comments:

Post a Comment