Pages

Wednesday, September 26, 2012

ဆားနဲ့ ဆောက်တဲ့ဟိုတယ်

ရုတ်တရက်ကြည့်မယ်ဆိုရင် မျက်စိတစ်ဆုံးရှိ ပြာပြာလွင်လွင် ပင်လယ်ကမ်းစပ်မှာ နှင်းဖြူဖြူတွေ ဝိုင်းရံနေသလို ထင်ရပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ အဖြူရောင်တွေဟာ ဆားတွေဖြစ်ပြီး ဘိုလီးဗီးယားနိုင်ငံက ဆားအကြီးအကျယ်ထုတ်လုပ်တဲ့ ဒေသ တစ်ခုဖြစ်ပါတယ်။ ဆားတန်ချိန်ပေါင်း သန်းပေါင်းများစွာ ထွက်ရှိတာကြောင့် နာမည်ကျော်ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီSalar de Uyuni ဒေသရဲ့ ထူးဆန်းပုံကတော့ ဟိုတယ်ကိုတောင် ဆားတွေနဲ့ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။


Salt hotel panorama


ဘယ်လိုများ ဆားတွေနဲ့ ဆောက်ထားတာလဲ ဆိုတော့ ဟိုတယ်ရဲ့ အမိုး၊ နံရံ၊ ကြမ်းပြင်၊ စားပွဲ ၊ ဘား၊ ကုလားထိုင် များသာမက အိပ်ရာကုတင်ကိုတောင် ဆားကို ဘလောက်တုံးလို အတုံးတွေပြုလုပ်ပြီး ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ ဟိုတယ် ပတ်ဝန်းကျင် ဆားတွင်းအနီးနားမှာရှိတဲ့ ရေပူစမ်းများ၊ မီးတောင်များ၊ လှပကြီးမားတဲ့ ကန္တာရ ရှားစောင်းပင်များ၊ စာမရီငှက်မွှေးရှည်များဟာ ဘိုလီးဗီးယား နိုင်ငံရဲ့ ထင်ရှားတဲ့နေရာတစ်ခုအဖြစ် ခရီးသွားဧည့်သည်များကို ဆွဲဆောင်လို့ နေပါတယ်။ ဒါကြောင့်လည်း ဆားတွင်းအနီး လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေ တည်းခိုဖို့အတွက် ဆားပင်လယ်ကြီးရဲ့အလယ်မှာ ဟိုတယ်ကို ဆားတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဆုံးစွန် အိမ်သာကိုတောင် ဆားနဲ့လုပ်ထားပါသတဲ့လေ :)


Image Hosted by PicturePush - Photo Sharing

ကြီးမားတဲ့ ရှားစောင်းပင်ကြီးများ

Salt Hotel




Salt Hotel

ဟိုတယ်ရှေ့က ရေကန်



Image

Image


Salt Hotel

ဆားနဲ့လုပ်တဲ့ စားပွဲ၊ ကုထားထိုင် ( အဝတ်တစ်ခုခု ခုပြီးတော့ မထိုင်ရင်တော့ အဝတ်တွေ ဆားပေါက်မှာ သေချာတယ်) :P

ဆားတွေနဲ့ ဆောက်ထားတဲ့ ဟိုတယ်ကို ၁၉၉၃ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်က တစ်ခုတည်းသော ဆားတုံးတွေနဲ့ ဆောက်တဲ့ဟိုတယ်လည်း ဖြစ်ပါတယ်။ ဟိုတယ်မှာ အိပ်ခန်းပေါင်း ၁၅ခန်းပါဝင်ပြီး ဧည့်ခန်း၊ စားသောက်ခန်း၊ ဘား၊ စသည်တို့ ပါဝင်ပါတယ်။ ဟိုတယ်နံရံဟာ ဆားတုံးကြီးတွေတစ်ခုနဲ့ တစ်ခုကြားမှာတော့ ဆားကို ရေနဲ့ ရောစပ်ပြီး အုတ်တစ်ချပ်နဲ့ တစ်ချပ်ကြားက ကွန်ကရိနဲ့ ဆက်စပ်ထားသည့်သဖွယ် ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။


 



 ဆားနဲ့လုပ်တဲ့ ကုတင်

မိုးရာသီအချိန်မှာတော့ ဆားနံရံတွေ အရည်ပျော်မှာစိုးတဲ့အတွက် နောက်ထပ် ဆားဘလောက်တုံး အသစ်တွေ လဲလှယ်တယ်လို့ ဆိုပါတယ်။ ဟိုတယ် ကြံ့ခိုင်မှု ရှိဖို့အတွက် ဟိုတယ်ထဲ လာရောက် တည်းခိုသူများကို အထူး ချမှတ်ထားတဲ့ စည်းကမ်းချက်ကတော့ ဟိုတယ် နံရံတွေ ၊ စားပွဲတွေကို လျှာနဲ့ မလျှက်ဖို့လို့ ဆိုပါတယ်။ ဘယ်သူကများ လျှာနဲ့ လျှက်ပါ့မလဲ လို့ တွေးစရာပါ။


ဟော.  ဒီမှာ ပြောရင်းဆိုရင်း လျှက်ကုန်ပြီ :P
ဒီလို လူမျိုးတွေရှိလို့လည်း လျှာနဲ့ မလျှက်ဖို့ သတ်မှတ်ထားတာ ဖြစ်ပါလိမ့်မယ်။ :)

ဆားတွေကြားထဲမှာ နေရထိုင်ရ၊ အိပ်ရတာကို သဘောကျသူများ ဘိုလီးဗီးယားနိုင်ငံက ဆားဟိုတယ်ကို အလည် သွားနိုင်ကြပါပြီနော်။

No comments:

Post a Comment