Pages

Wednesday, September 19, 2012

ဈေးကွက် ဗဟုသုတ စုံသော ရုပ်သံလိုင်းကြီး အဖြစ် မြဝတီ ဒစ်ဂျစ်တယ် Shopping သီးသန့်လိုင်းအား ပုံဖော်မည်

(ရန်ကုန်၊ စက်တင်ဘာ ၁၇)
မြဝတီ ဒစ်ဂျစ်တယ် Shopping သီးသန့်လိုင်းကို ဈေးကွက် ဗဟုသုတစုံသော ရုပ်သံလိုင်းကြီး တစ်ခု အဖြစ် ကြိုးစားပုံဖော် သွားမည်ဖြစ်ကြောင်း မြဝတီ ရုပ်မြင် သံကြား မှ ယင်းရုပ်သံလိုင်း စီစဉ်ရိုက်ကူးသူ သုတ (TZ) က ပြောသည်။
”TV ထဲမှ အရောင်းစင်တာ ” ပုံစံမျိုးအထိ လုပ်ဆောင်နိုင်မည့် အစီအစဉ် တစ်ခု ပြုလုပ် တင်ဆက် သွားမည်ဖြစ်ပြီး ကြည့်ရှု သူများထံမှ လည်း ၄င်းတို့ ရောင်းချ လိုသည့် အိမ်၊ ခြံ၊ မြေ၊ ကားအစ ရှိသည်များ အား ဗီဒီယို၊ ဓာတ်ပုံ၊ ဖုန်းနံပါတ် စသည့် အချက်အလက် များပေးပြီး လာတင်ရောင်းချနိုင်စေရန် ကိုပါ ပြု လုပ်ပေး သွားမည်ဖြစ်ကြောင်း အ ထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။
”Shopping In Shopping ဆိုတဲ့ ကဏ္ဍမှာ လာတင်ရောင်းနိုင်ကြမှာ ဖြစ်ပါ တယ်။ ရောင်းထွက် သွားရင်တော့ အရောင်း List ထဲက ဖြုတ်ပေးပါလို့ ဖုန်းဆက် လိုက်ရုံ ပါ ပဲ”ဟု ၄င်းကဆိုသည်။
ထို့အပြင် နိုင်ငံတကာဈေးကွက် ရုပ်သံလိုင်းများ၌ အောင်မြင်မှု များစွာရရှိနေသည့် ”Home Shopping ”ကဲ့သို့ အစီအစဉ်မျိုး ကိုပါ ရိုက်ကူးရန် စီစဉ်နေပြီ ဖြစ်ပြီး ပစ္စည်းအား ရုပ်သံလိုင်းမှ တစ်ဆင့် ကြိုက်ဈေးပေးပြီး ဝင်ရောက်ယှဉ် ပြိုင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
”Hot Line ဖုန်းနဲ့ဝယ် ယူနိုင်မှာပါ။ သတ်မှတ်ချိန် အတွင်း နောက်ဆုံးဈေး ပေးနိုင်သူကို နောက်နေ့မှာ အိမ်အရောက်ပို့ စနစ် နဲ့ ပို့ပေးသွားမှာ ဖြစ်ပါတယ်” ဟု ၄င်း က ထပ်လောင်းပြောသည်။
အဆိုပါ ရုပ်သံလိုင်းအား ရန်ကုန်သာမက နေပြည်တော်နှင့် မန္တလေး ကဲ့သို့ မြို့ကြီးများနှင့် နယ်မြို့ အသီးသီးမှ ဈေးကွက်ဆိုင်ရာ သတင်း အချက်အလက် များကို ပါ စီစဉ် ထည့်သွင်းမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် Shopping အစီ အစဉ်များအား မြဝတီ၏ ပုံမှန် အစီအစဉ်များ အပြီး နံနက် ၈ နာရီခွဲမှ ၁၁ နာရီ အချိန် အထိ တိုးချဲ့ထုတ်လွှင့် ပြသပေးနေပြီး ၄င်းရုပ်သံ လိုင်း အား အစီအစဉ် ၁၈ မျိုးဖြင့် ရိုက် ကူး ထုတ်လွှင့် ပြသပေးလျက်ရှိ ကြောင်း သိရသည်။
သုတလင်း
ref: Popular News

No comments:

Post a Comment