ဘုရင့်နောင်တံတား အမှတ်(၂) စီမံကိန်းအပါအ၀င် ရန်ကုန်တိုင်းဒေသကြီးအတွင်း တံတားသစ်ငါးစင်း ထပ်မံတည်ဆောက်မည်၊ ယာဉ်သွားလာမှုအား စစ်တမ်းကောက်ယူကာ Transportation Plan များ ရေးဆွဲဆောင်ရွက်သင့်ကြောင်း သုံးသပ်မှုများ ရှိနေ
September 20, 2012
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘုရင့်နောင်တံတား အမှတ်(၂) စီမံကိန်း အပါအ၀င် တံတားသစ်ငါးစင်း ထပ်မံတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ တံတားစီမံကိန်းများမှာ (၁)ရန်ကုန်-ဒလ-တွံတေး-ကော့မှူး-ဖျာပုံ-ဘိုကလေးသို့
ဆက်သွယ်သွားလာနိုင်မည့် ရန်ကုန်မြစ်ဖြတ်တံတား၊ (၂) ကြည့်မြင်တိုင်နှင့်
တစ်ဖက်ကမ်းရှိ အေးရွာသို့ ဆက်သွယ်မည့် လေးလမ်းသွား လှိုင်မြစ်ဖြတ်တံတား၊ (၃)
လှိုင်မြစ်ဖြတ် ခြောက်လမ်းသွား ဘုရင့်နောင်တံတား အမှတ်-(၂)စီမံကိန်း၊ (၄)
ထန်းတပင်-မှော်ဘီလမ်းပေါ်ရှိ လှိုင်မြစ်ဖြတ် နှစ်လမ်းသွားဝါးတစ်ရာ တံတားနှင့် (၅) ပုဇွန်တောင်နှင့် ဒေါပုံမြို့နယ်များကို ဆက်သွယ်မည့် သာကေတတံတားသစ်တို့ဖြစ်ကြောင်းလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တံတားသစ်များ ထပ်မံတည်ဆောက်မည့် အခြေအနေများနှင့် စပ်လျဉ်းပြီး ရန်ကုန်မြို့တွင်း၌ လက်ရှိယာဉ်သွားလာနေမှုအခြေအနေများကို
စစ်တမ်းကောက်ယူကာ Transportation Plan များ ရေးဆွဲဆောင်ရွက်သင့်
ကြောင်းလည်း မြို့ပြအင်ဂျင်နီယာများက သုံးသပ်ပြောကြားခဲ့သည်။
''ဒီတံတားသစ်စီမံကိန်းတွေက Yangon City Development Plan အရ proposal
လုပ်ထားတာလို့လည်း သိရပါတယ်၊၊ ရန်ကုန်မှာ တံတားတွေကို ဟိုနေရာထိုး၊
ဒီနေရာထိုး လုပ်မယ့်အစား ယာဉ်သွားလာမှု အားလုံးကိုခြုံပြီးမှ ဘယ်နေရာက
သင့်တော်မယ်ဆိုပြီး လုပ်သင့်ပါတယ်။ နိုင်ငံတကာမှာ အတွေ့အကြုံတွေ ရှိထားတယ်။
ထိုင်းမှာဆိုလည်း တံတားတွေ အထပ်တွေသာ များတယ်။ ယာဉ်ကြောရှင်းလားဆိုတော့
မရှင်းသေးဘူး။ ရန်ကုန်မှာလည်း အခု တံတားနှစ်စင်းထိုးတာကိုတောင် Traffic က ပိတ်နေပြီ။ နောက်ထပ်ထိုးမယ့်တံတားတွေအတွက်ဆိုရင် သေချာလေ့လာပြီးမှ ဆောင်ရွက်သင့်ပါတယ်''ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဒုတိယဥက္ကဋ္ဌဦးအောင်မြင့်က ဆိုပါသည်။
''ရန်ကုန်မှာ လက်ရှိယာဉ်တွေက ဘယ်ကိုအသွားများနေလဲ၊ လူတွေက
ဘယ်အထိသွားချင်နေလဲ၊ ဘယ်ကနေ ဘယ်အထိတောင် သွားနေကြတာလဲ။ ဒါတွေကို Study
လုပ်ဖို့ လိုတယ်။ ပြီးရင် Yangon CityDevelopment Plan နည်းတူ
TransportationPlan ကိုလည်း ဆွဲသင့်တယ်။ လူထုသယ်ယူပို့ဆောင်ရေးကို
ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာ
Plan တွေ ရေးဆွဲဆောင်ရွက်သင့်တယ်။ အဲဒီလိုမဟုတ်ရင် အများပြည်သူကို
စိတ်ဒုက္ခပေးရာ ရောက်ပါတယ်''ဟု မြို့ပြအင်ဂျင် နီယာတစ်ဦးက
သုံးသပ်ပြောကြားခဲ့သည်
No comments:
Post a Comment