Pages

Thursday, September 20, 2012

သတ္တုတွင်းနှင့် Voice အမှုစွဲချက်တင်ရန် ဒဂုံမြို့နယ်တရားရုံးဆုံးဖြတ်

ရန်ကုန် စက်တင်ဘာ ၂၀

သတ္တုတွင်းဝန်ကြီးဌာနနှင့် The Voice Weekly ၏ အမှုကို
စွဲချက်တင်ရန်ဆုံးဖြတ်ကြောင်း ယနေ့ စက်တင်ဘာ ၂၀ ရက်နေ့ ၁၄
ကြိမ်မြောက်ရုံးချိန်းတွင် ဒဂုံမြို့နယ်တရားရုံး
တရားသူကြီးဒေါ်ခင်သန့်ဇင်က ဆုံးဖြတ်သည်။

ဝန်ကြီးဌာနအချို့၏ ကျပ်သန်းထောင်ချီငွေကြေးအလွဲသုံးစားမှုများ

တွေ့ရှိဟူသည့် The Voice Weekly ၏ ရေးသားဖော်ပြချက်သည် သတ္တုတွင်းဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကို ထိခိုက်စေ သည်ဟု တရားရုံးကယူဆသောကြောင့် သတ္တုတွင်းဝန်ကြီးဌာနညွှန်ကြားရေးမှူး ဦးဇော်ကိုကို တရားလိုပြုစွဲဆိုသည့်ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၅၀၀)ဖြင့် စွဲချက် တင်ရန် ဒဂုံမြို့နယ်တရားရုံးက ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုကို အောက်တိုဘာလ ၅ ရက်နေ့တွင် ဆက်လက် စစ်ဆေး မည်ဖြစ်သည်။
 
 
The Voice Weekly

No comments:

Post a Comment