
ထိုစဉ်က လှေပေါ်ပါလာသူများသည် တရုတ် အမျိုးသားနေ့ အထိမ်းအမှတ် အလှအပ မီးရှူးမီပန်းများကို ကြည့် ရှုခံစားလျှက် ရှိသည်။ "ဆိပ်ကမ်းက ခွာပြီး (၅)မိနစ်မှာတင် တခြားရေယာဉ် တစ်စင်းက ကျွန်တော် တို့ လှေကို ခါးလယ်က ဖြတ်တိုက်သွားတာပါပဲ။ ဘာတွေ ဖြစ်သွားတယ် ဆိုတာတောင် သေချာ မသိလိုက်ဘူး"ဟု အသက် ရှင် လွတ်မြောက်လာသူ ယွန်ဆီဆီးက ကုမ္ပဏီ ဝက်ဘ်ဆိုက်တွင် ၎င်း၏အတွေ့အကြုံကို ဝေမျှ ပြောကြား ထား သည်။
၎င်းက မိမိတို့၏ ဝန်ထမ်းများအား မီးရှူးမီးပန်းများ ပြသရန်သာ ရည်ရွယ်ထားပြီး ယခုလို မတော်တဆမှုမျိုး ကြုံရ မည်ဟု လုံးဝ တွေးမထားမိကြောင်းလည်း ဖွင့်ဟခဲ့သည်။ ဟောင်ကောင် ရေလမ်းခရီး ပို့ဆောင်ရေး ဌာနက (၁၉၇၁)ခုနှစ်နောက်ပိုင်း ယခုကိစ္စသည် အသေအပျောက် အများဆုံး ရေကြောင်း မတော်တဆမှု ဟု ကြေ ညာ ခဲ့သည်။ ထိုစဉ်က မကာအိုမှ ဟောင်ကောင်သို့ ခုတ်မောင်းသော Fat Shatအမည်ရှိ ရေယာဉ်သည် တိုင်ဖွန်းမုန် တိုင်း Roseကြောင့် တိမ်းမှောက်သွားပြီး လူပေါင်း (၈၈)ဦး သေဆုံးခဲ့သည်။
Myanmar Express

No comments:
Post a Comment