Pages

Wednesday, October 17, 2012

ဟဲဟိုးလေဆိပ်တွင် အဲယားမန္တလေး လေယာဉ်စက်ချို့ယွင်း



 အောက်တိုဘာ(၁၇)

ရှမ်းပြည်နယ်၊ ဟဲဟိုးလေဆိပ်တွင် အောက်တိုဘာလ(၁၆)ရက်နေ့ ညနေ(၃)နာရီခွဲအချိန်ခန့်က အဲယား မန္တလေး လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး စက်ချို့ယွင်းမှု ဖြစ်ပွားခဲ့ပါတယ်။

အဲယားမန္တလေးလေကြောင်းက လေယာဉ်မှူး ဦးမျိုးတင့် မောင်းနှင်လာတဲ့ အိပ်စ်ဝိုင်-ကေ အိုင်ဂျေ - ၅၀၁ လေယာဉ်အမျိုးအစား (အေပီအာရ်-၄၂)သည် အောက်တိုဘာလ(၁၆)ရက်နေ့ ညနေ(၂)နာရီကျော်မှာ ရန်ကုန်မှ ဟဲဟိုးလေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး ခရီးသည်များ အတင်အချပြုလုပ်ကာ မန္တလေးသို့ ပြန်လည် ထွက်ခွာရန် ပြေးလမ်းပေါ်အတက်မှာ စက်ချို့ယွင်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။

``ကျွန်တော်မောင်းလာတဲ့ လေယာဉ်အမျိုးအစား (အေပီအာရ်-၄၂) က ၁၆ ရက်နေ့ ၃ နာရီ ၂၀ မိနစ်မှာ ရန်ကုန်ကနေ ဟဲဟိုးလေဆိပ်ကို ဆင်းသက်ခဲ့ပါတယ်။ ခရီးသည်တွေနဲ့ ကုန်ပစ္စည်းတွေ အတင်အချ ပြုလုပ်ပြီး မန္တလေးကို ထွက်ခွာဖို့ လေယာဉ်ပြေးလမ်းပေါ် စတင်မောင်းနှင်တဲ့အခါမှာ လေယာဉ်ရဲ့ Power Lever မတက် တော့ လေယာဉ်ကို အပေါ်ဆွဲတင်ဖို့ အရှိန်မရဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် တာဝန်ခံတွေကို အသိပေးပြီး ရန်ကုန်မှာရှိတဲ့ အဲယားမန္တလေးက လေယာဉ်တစ်စီးခေါ်ပြီး ခရီးသည်တွေကို ည(၈)နာရီမှာ ရန်ကုန်သို့ ပို့ပေး ခဲ့ပါတယ်ဟု ´´ လေယာဉ်မှူး ဦးမျိုးတင့်မှ ပြောပြခဲ့ပါတယ်။

အင်ဂျင်ပါဝါ လီဗာ ချို့ယွင်းတဲ့ လေယာဉ်ကိုတော့ အင်ဂျင်နီယာဦးစိုးမြင့်ထွန်း ဦးစီးတဲ့ ပညာရှင် ၅ ဦးမှ ပြင်ဆင်နေ တယ် လို့ သိရပါတယ်။

No comments:

Post a Comment