Pages

Thursday, October 25, 2012

လွိုင်လင်မြို့နယ်အတွင်း ဘိန်းခင်းဖျက်ဆီးမှုများအား ဆက်တိုက်ဆောင်ရွက်နေ



အောက်တိုဘာ (၂၅)



ဖူးပွင့်စ ဘိန်းခင်းတစ်ခင်းပုံ
 ရှမ်းပြည်နယ် ၊ လွိုင်လင်မြို့နယ်တွင် အောက်တိုဘာလ (၂၄) ရက်နေ့ မနက်ပိုင်းတွင် ဘိန်းခင်းဖျက်ဆီးရေး ပူးပေါင်းအဖွဲ့များမှ ဘိန်းစိုက်ခင်းများအား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရပါတယ်။

လွိုင်လင်မြို့နယ် ရဲစခန်းမှ ဒုရဲမှူး သက်လွင် ဦးစီး (၂၂) ဦး ၊ ပင်လုံမြို့နယ်ခွဲမှ အုပ်ချုပ်ရေးမှူး နဲ့အဖွဲ့ဝင် (၃) ဦး၊ ပင်လုံမြို့နယ် သတင်းတပ်ဖွဲ့၊ ပင်လုံမြို့နယ်မြေစာရင်းဦးစီးဌာန ၊ ပင်လြုံမို့နယ် သစ်တောဦးစီးဌာန၊ ပင်လုံမြို့ နယ်စိုက်ပျိုးရေး ဦးစီးဌာနနဲ့ ပအိုဝ့်အသွင်ပြောင်း ပြည်သူ့စစ် (ဌာနေ) အဖွဲ့မှ ဗိုလ်မှူး ခွန်သာထွန်း နှင့်အဖွဲ့ဝင် (၅) ဦး ၊ ကျူရုံးကျေးရွာမှ ရာအိမ်မှူး ဦးစီးရွာသား (၂၀) ဦးတို့ပါဝင်တဲ့ စုစုပေါင်း (၅၇) ဦး ဟာ ကျူရုံးရွာ၏ အရှေ့မြောက်ဘက်မှာရှိတဲ့ အမြင့် (၆) လက်မရှိ ဘိန်းခင်း (၁၀) ဧကကို ဖျက်ဆီးရှင်းလင်းခဲ့ကြပါတယ်။

လွိုင်လင်မြို့နယ်အတွင်းမှာဘဲ အောက်တိုဘာလအတွင်း (၁၈) ရက်နေ့မှာ (၁၀) ဧက၊ (၂၃) ရက်နေ့မှာ (၂၀) ဧကနဲ့ ယခု (၂၄) ရက်နေ့မှာ (၁၀) ဧက စုစုပေါင်း ဘိန်းစိုက်ခင်း ဧက (၄၀) ကိုဖျက်ဆီးရှင်းလင်းနိုင်ခဲ့ပါတယ်။ အခုလို ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးနိုင်ခဲ့တာကလည်း ဒေသခံများရဲ့ တာဝန်သိစိတ်နဲ့ သတင်းပေးမှု၊ ပြည်သူ့ စစ်အဖွဲ့များရဲ့ စည်းကမ်းကောင်းမွန်မှုနဲ့ အစိုရ၀န်ထမ်းများရဲ့ တာဝန်ကျေပွန်မှုတို့ကြောင့်ဘဲ ဖြစ်ပါတယ်။

အန္တရာယ်ပန်းပွင့်ကလေးများ
“ ဘိန်းခင်းတွေကို ဖျက်ဆီး နိုင်တဲ့အတွက် ဘိန်းမချက်နိုင်တော့ဘူး။ ဒါကြောင့် မူးယစ်ဆေးဝါးတွေလည်း မထုတ်နိုင်တော့ဘူး။ ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးမိတဲ့ သတင်းတွေ ကြားတိုင်း ကျွန်တော်တို့ ၀မ်းသာ ပီတိ ဖြစ်ရပါတယ်။ အခုလို ဘိန်းခင်းတွေ ဖျက်ဆီးတဲ့နေရာမှာ ကိုယ်တိုင်ပါဝင် ကူညီပေးရတဲ့အတွက်လည်း အတိုင်းမသိ ပျော်ရပါတယ်။ ကျွန်တော်တို့ အဖွဲ့တွေ လွိုင်လင်မြို့နယ် အတွင်းမှာ ဘိန်းခင်းတွေ ဖျက်ဆီးနေ ကြသလို အခြားမြို့နယ်တွေမှာလည်း ဘိန်းခင်းတွေ ရှိလာခဲ့ရင် ၀ိုင်းဝန်းကူညီ ဖျက်ဆီးပစ်ပေးကြပါလို့ ” ကျူရုံးရွာမှ ဘိန်းခင်းဖျက်အဖွဲ့တွင် ပါဝင်ခဲ့သူ ရွားသားတစ်ဦးက ပြောကြားသွားပါတယ်။






No comments:

Post a Comment