Pages

Saturday, October 20, 2012

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ် ပါတီညီလာခံ (၂၀၁၂) စတုတ္ထနေ့ ကျင်းပ

အောက်တိုဘာ(၂၀)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ် ပါတီညီလာခံ (၂၀၁၂) စတုတ္ထနေ့ အား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့ နံနက် (၈) နာရီ (၃၀) မိနစ်အချိန်တွင် ကျင်းပပြုလုပ်ရာ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသော သူရဦးရွှေမန်းမှ ပါတီညီလာခံ ကိုယ်စားလှယ်များသို့ လမ်းညွှန်အမှာစကား မြွက်ကြားခဲ့သည်။

ပါတီဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေသော သူရဦးရွှေမန်းမှ ပါတီညီလာခံ ကိုယ်စားလှယ်များသို့ လမ်းညွှန်အမှာစကား မြွက်ကြားစဉ်
ထို့နောက် ထူးချွန်ဆုများချီးမြှင့်ပြီး ပါတီညီလာခံမှ မှတ်တမ်းတင်ခြင်း၊ အတည်ပြုဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ ကြေညာခြင်းများ ဆောင် ရွက်ကြသည်။

ထူးချွန်ဆုများ ချီးမြှင့်စဉ်
ထူးချွန်ဆုများ ချီးမြှင့်စဉ်
ဆက်လက်၍ သဘာပတိမှ နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို ကြွေးကြော်သံများဖြင့် ရုပ်သိမ်း လိုက်ကြောင်း သိရှိရသည်။

သဘာပတိမှ နိဂုံးချုပ် အမှာစကားပြောကြားစဉ်

Myanmar Express

No comments:

Post a Comment