Pages

Wednesday, October 24, 2012

နမ့်ခမ်းမြို့နယ်သျှမ်းစာပေယဉ်ကျေးမှုအတွက် ဒုတိယသမ္မတစိုင်းမောက်ခမ်း သိန်း(၁၀၀)ကျပ်ပေးအပ်

အောက်တိုဘာ(၂၄)

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီအတွက် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ကျပ်သိန်း (၁၀၀) ထောက်ပံ့ပေး ခဲ့ကြောင်း သျှမ်းသံတော်ဆင့် ကစုံစမ်း သိရှိရသည်။

SMK
 
“လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက ဘဏ်ကနေကျပ်သိန်း (၁၀၀) လွှဲပေးလာတယ်၊ ဒီငွေကို သျှမ်းစာပေ ယဉ်ကျေးမှုရုံးတိုးချဲ့ဆောက်လုပ်ဖို့ အတွက် မနေ့ကအစည်းအဝေး ထိုင်ပြီး စိုင်းမောက်ခမ်းကိုပြန်တင်ပြလိုက်ပြီ” - ဟု နမ့်ခမ်းမြို့နယ် သျှမ်းစာပေယဉ်ကျေးမှုတာဝန်ရှိသူ တစ်ဦးကပြောပြသည်။

တောင်ကြီးမြို့ ဆို၊ က၊ ရေး၊ တီး ခရိုင်အဆင့် ပြိုင်ပွဲ၌ ပထမဆုရရှိသော နမ့်ခမ်းသျှမ်းစာပေ/ယဉ် အက ဖွဲ့အတွက်  ဂုဏ်ပြု ဆုကို ရုံးဆောင် ဆောက်လုပ်ရေးအတွက် အသုံးပြုသွား မည် ဖြစ် ကြောင်း၊ အဆိုပါငွေသား များသည် ဒုသမ္မတ စိုင်းမောက်ခမ်း၏ ကိုယ်ပိုင်ငွေများဖြစ်ကြောင်း လည်း နမ့်ခမ်း သျှမ်းစာ /ယဉ် အဖွဲ့ကဆိုသည်။

၂၀၀၄ ကတည်းကစတင်ဆောက်လုပ်ခဲ့သောနမ့်ခမ်းမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီရုံးအား မြေညီထပ် အဆင့် သာဆောက် လုပ်ပြီးစီးပြီး၊ ဒေါက်တာစိုင်းမောက်ခမ်း ထောက်ပံ့လာသော ငွေများဖြင့် ဒုတိယထပ် တိုးချဲ့ဆောက် လုပ်မည် ဖြစ် သည်ဟုလည်း ပြောပါသည်။

“နောက်တစ်ထပ်ဆောက်လုပ်ဖို့က သိန်း(၁၀၀) ကျပ်နဲ့ မလုံလောက်သေးဘူး၊ ထပ်လိုအပ်မယ့်ငွေကြေးကို ဒေသခံတွေဆီကနေ အကူအညီ တောင်းဖို့စီစဉ်နေပါတယ်” - ဟု နမ့်ခမ်းမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှု တာ ၀န်ခံက ပြောပါသည်။

ဒေါက်တာစိုင်းမောက်ခမ်းသည် ဒုသမ္မတ မဖြစ်မီ ၂၀၀၃ ခုနှစ်ကတည်းက နမ့်ခမ်းမြို့နယ် သျှမ်းစာပေ နှင့် ယဉ်ကျေးမှု အဖွဲ့၏ အသင်းဆိုင်ရာလှုပ်ရှားမှုအားသဘောကျ နှစ်သက် သည်ဟု ပြောခဲ့ဖူးကြောင်းလည်း နီးစပ် သည့်အသိုင်း အဝိုင်းကဆိုသည်။

သျှမ်းအမျိုးသားဖြစ်သော ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းသည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် တွင် ဗဟိုသျှမ်းစာပေနှင့်ယဉ် ကျေးမှုကော်မတီ ဥက္ကဌ တာဝန် ကိုထမ်းဆောင်ခဲ့ ဖူးသူဖြစ်ပြီး လားရှိုး “ယူလီခဆေးရုံ” အထူးကုဆေးခန်းပိုင်ရှင်လည်း ဖြစ်ပါသည်။

သျှမ်းသံတော်ဆင့် 

No comments:

Post a Comment