Pages

Monday, October 8, 2012

ထိုင်းတရားရုံးဖြစ်ပါက စိုင်းနော်ခမ်း လွတ်မြောက်နိုင်ဟု ထိုင်းရှေ့နေပြော




 
 ရွှေတြိဂံဒေသ မူးယစ်ရာဇာ အမည်ရ စိုင်းနော်ခမ်း သည် ထိုင်းတရားရုံးတွင် အမှုရင်ဆိုင်ရပါက လွတ်မြောက် နိုင်ကြောင်း ထိုင်းရှေ့နေတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်း(ခွန်းမင်း)တရာရုံးမှ ပြစ်ဒဏ်စီရင်ချက်ချ မှတ်ရန် စောင့်ဆိုင်းနေသူ စိုင်းနော်ခမ်း ၏ အမှုကို ထိုင်းနိုင်ငံက ယခုတစ်လော နာမည်ကြီးနေသည့် လူသတ်မှုတစ်ခု၏ သက်သေများနှင့် နှိုင်းယှဉ်ပြရာ-
(၁)     တရာခံ ဟုစွပ်စွဲခံထားရသူ၏ နယ်မြေအတွင်း မှာသတ်ဖြတ်မှုခံရသူတို့ ၏အလောင်းကို တွေ့ရခြင်း။
(၂)     ရုပ်အလောင်းများတွင် သေနတ် ဒဏ်ရာများတွေ့ ရခြင်း။
(၃)     တရားခံဖြစ်စွပ်စွဲ ခံထားရသူမှာ တရားမ၀င် သေနတ် အမြောက် အများ ရှိခြင်း။
(၄)     အသတ်ခံရသူ၏ မော်တော်ကားကို တရားခံ၏ နယ်မြေ အတွင်း မှာတွေ့ ရခြင်း။
(၅)     သတ်ဖြတ်မှု အတွက် သတ်သေခံသူရှိခြင်း- စသည်တို့ကိုတွေ့ရပါသည်။
“ စိုင်းနော်ခမ်းနှင့် အတူ အဖမ်းခံထားရတဲ့ တပည့်တွေက သူတို့ဆရာပါလို့ သတ်သေထွက်ဆိုမှုဟာ လေးနက်မှု မရှိဘူး။ သူတို့လွတ်မြောက်ရေး၊ သက်သာရာရရေး အတွက် ပြောတယ်လို့ ယူဆ ကြမှာပါ။ တရုတ်  (၁၃)ဦး သတ်ဖြတ်ခံရတဲ့ မဲခေါင်မြစ်ဆိုတာ ဟာ စိုင်းနော်ခမ်း ပိုင်ဆိုင်တဲ့ နယ်မြေ မဟုတ်ဘူး။ထိုင်း၊လော၊မြန်မာ စတဲ့ နိုင်ငံအားလုံးက ပိုင်တယ်။ယခုထိ တရုတ်(၁၃)ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ပြနိုင်တာလဲ မတွေ့ ရသေးဘူး။သတ်သေ အထောက်ထား အရမ်းနည်းတယ်။ဒါကြောင့် ထိုင်းတရားရုံးမှာ အမှုရင်ဆိုင်ရရင်တော့ ဒီအမှုဟာ လွတ်မြောက်ဖို့ များတယ်” ဟုအဆိုပါရှေ့နေက ရှမ်းသံတော်ဆင့် အားပြောပြသည်။
စိုင်းနော်ခမ်းအား ကူမင်းတရားရုံးတွင် စက်တင်ဘာလ(၂၀) ရက်မှ(၂၁) ရက်ထိ စစ်ဆေးမေးမြန်း ပြီးနောက် ပြစ်ဒဏ် စီရင်ချမှတ်ရန် အထူးခုံရုံးဖွဲ့ထားကြောင်း သိရှိရပါသည်။
“တရုတ်မှာ ဥပဒေ ဘယ်လို ရှိတယ်ဆိုတာ ကျွှန်တော်တို့ မသိရဘူး။ဘယ်လိုဘဲ ဖြစ်ဖြစ် ကြီးသောအမှု ငယ်စေ၊ ငယ်သောအမှု ပပျောက်စေ ဖြစ်သွားအောင် သူ့ရဲ့မိသားစုလဲ တရုတ်ရှေ့နေ ရှာပြီးတက်နိုင်သလောက် ကူညီ သင့်တယ်” ဟု၎င်း ကဆက်ပြောပါသည်။
သို့သော် စိုင်းနော်ခမ်း၏ ညီဖြစ်သူ စိုင်းလောဝ်ဖှ မှာမူ စိုင်းနော်ခမ်းအားဖမ်း ဆီးသွားပြီးနောက် တစ်ကြိမ်၊ တစ်ခါမျှ အဆက်သွယ် မရရှိခဲ့ကြောင်းပြောပါသည်။

သျှမ်းသံတော်ဆင့်

No comments:

Post a Comment