Pages

Thursday, November 1, 2012

ကြေးအမြင့်ဆုံးဖြင့် ပြည်ပတွင် သွားကစားမည့် ဘော်လီဘောလက်ရွေးစင်ကစားသမား

နိုဝင်ဘာ(၁)

Photo
 
မြန်မာလက်ရွေးစင် ဘော်လီဘောကစားသမား အောင်သူသည် လစာကန်ဒေါ်လြာေ ခာက်ထောင်ြ ဖင့် ပြည် ပ သို့ သွားေ ရာက်ကစားမည်ဖြစ်ရာ ပြည်တွင်းကစားသမားများ အနက် လစာအများဆုံးရ ရှိသူ ဖြစ်လာ မည်ဖြစ်သည်။

ဗီယက်နမ်လိ ဂ်ပြိုင်ပွဲဝင် Army-9 အသင်းက မြန်မာ့လက်ရွေးစင်ကစားသမား အောင်သူအား ကမ်းလှမ်း ခဲ့ခြင်းဖြစ်ပြီး မြန်မာကစားသမားသည် တစ်လစာချုပ်ဖြင့် အဆိုပါအသင်း၌ သွားရောက်ကစားမည်ြ ဖစ်ကြောင်း မြန် မာနို င်ငံဘော်လီဘောအဖွဲ့ချုပ်မှ သတင်းရရှိသည်။

အသက် ၂၀ နှစ်အရွယ်ရှိ အောင်သူသည် ပြီးခဲ့သည့် သြဂုတ်လအတွင်းက ရန်ကုန်မြို့၌ပြုလုပ်ခဲ့သည့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ လူငယ်ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုနှင့် အကောင်းဆုံးဆု သုံးဆုရရှိ ထားသူဖြစ်သည်။

“ဗီယက်နမ်ကလပ်က အောင်သူကို ပထမလစာ ကန်ဒေါ်လာ ၄၅၀၀ နဲ့ စတင်ကမ်းလှမ်းတာပါ နောက်တော့ ညှိနှိုင်းမှု အရ ကန်ဒေါ်လာ ၆၀၀၀ နဲ့ သဘောတူညီမှုရရှိခဲ့ပြီး အပိုဆုကြေးနဲ့ဆိုရင် လစာစုစုပေါင်း ဒေါ်လာ ၇၀၀၀ လောက်ရမှာပါ”ဟု အဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခင်က ပြည်ပသို့သွားရောက်ကစားဖူးသည့် ဘော်လီဘောကစားသမားများသည် လစာအများဆုံး ကန်ဒေါ် လာ ၃၀၀၀ ၀န်းကျင်ခန့် ရရှိခြင်းက အများဆုံးဖြစ်ပြီး ယခု အောင်သူရရှိသည့် လစာသ ည် ဘော်လီဘောကစားသမားများတွင်သာမက အခြားအားကစားနည်းများတွင်လည်း မရရှိဖူးကြောင်း စုံစမ်း သိရှိရသည်။

လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ခန့်က ပြည်ပနိုင်ငံများတွင် ဆုကြေးစား သွားရောက်ကစားခဲ့ဖူးသည့် နာမည်ကြီး  မြန်မာ့လက်ရွေးစင်ဘောလုံးသမား တိုက်စစ်မှူးဟောင်း ဦးမျိုးလှိုင်ဝင်းက ၄င်းတို့လက်ထက်က လစာအဖြစ် ဒေါ်လာ ၁၅၀၀ မှ ၂၀၀၀ ကြားသာ ရရှိခဲ့ကြောင်း၊ ယခုအချိန်တွင် အားကစား သမားများအနေဖြင့် အခွင့်အလမ်းများ ပိုမိုရရှိလာသည့်အတွက် ကြိုးစားရန် အကြံပြုလိုေ ကြာင်း ပြောကြားသည်။

အောင်သူသည် ဗီယက်နမ်ကလပ်သို့ အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၂၆ ရက်အထိ တစ်လစာ ချုပ်ဖြင့် သွားရောက်ကစားမည်ဖြစ်သည်။ ၄င်းသည် ၂၀၁၁ ခုနှစ်က ထိုင်းလိဂ်ပြိုင်ပွဲဝင် အသင်းတစ်သင်း၌ ငါးလကြာ သွားရောက်ကစားခဲ့ဖူးပြီး ထိုစဉ်က လစာကန်ဒေါ်လာရှစ်ရာသာ ရရှိခဲ့ရာ ယခုဗီယက်နမ် ကလပ်တွ င်မူ အဆိုပါလစာထက် ခုနစ်ဆကျော်ရရှိခြင်းဖြစ်သည်။

အောင်သူသည် ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသဇာတိဖြစ်ပြီး ၂၀၀၈ တွင် ၀န်ကြီးဌာနေ ပါင်းစုံ ပြိုင်ပွဲ များတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် မြန်မာ လူငယ်လက်ရွေးစင်အသင်းအတွက် စတ င်ရွေးချယ်ခံရပြီး လက်ရှိတွင် မြန်မာလက်ရွေးစင်ဘော်လီဘောအသင်း ကစားသမားဖြစ်သည်။
မြန်မာ့ လက်ရွေးစင် ဘော်လီဘောကစားသမားဖြစ်သူ ကျော်ရွှေသည်လည်း ဗီယက်နမ်ကလပ် Army-1 အသင်း တွင် လစာကန်ဒေါ်လာ ၃၀၀၀ ဖြင့် နိုဝင်ဘာလ ၂ ရက်မှ ၂၆ ရက်အထိ သွားရောက် ကစားမည်ြ ဖစ်ကြောင်း သိရှိရသည်။

7Day News Journal

No comments:

Post a Comment