၂၀၁၁
ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို ယခုနှစ် ဒီဇင်ဘာလတွင်
ကျင်းပမည်ဖြစ်ပြီး ရုံတင် ဇာတ် ကား များကို စတင်အကဲဖြတ်လျက်ရှိကြောင်း
၂၅.၉.၂၀၁၂ ရက်က သိရသည်။ “အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာလမှာ လုပ်မယ်။
ရန်ကုန်မှာ လုပ်ဖြစ်မလား၊ နေပြည်တော်မှာ လုပ်မလား ဆိုတာတော့
အတိအကျပြော လို့ မရသေးဘူး။ နေပြည်တော်မှာ လုပ်ဖြစ်ဖို့ များပါတယ်။ ၂၀၁၁
ခုနှစ်အတွင်း ရုံတင်ဇာတ်ကား ကတော့ ၁၅ ကားရှိပါတယ်” ဟု မြန်မာနိုင်ငံ
ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ၂၀၁၁ ခုနှစ်အတွင်း
ရုံတင်ခဲ့သည့် ဇာတ်ကားများမှာ Lucky Seven ထုတ်လုပ်ရေးမှ ဟော့ရှော့ ၃၊
အလန်းဇယား၊ အိုင်လပ်ဖ်ယူ၊ အမွှေဇယား၊ ဖြိုးနဲ့မင်း ထုတ်လုပ်ရေးမှ
ငါ့နှမလေးပွသွားပြီ၊ ကမ်းထရီးစတား ထုတ်လုပ်ရေးမှ လာထားအာဘွား ၂၊
လူစွမ်းကောင်း ထုတ်လုပ်ရေးမှ ဖလန်းဖလန်းဖြစ်တဲ့အချစ်၊ တော်ဝင်ပတ္တမြား
ထုတ်လုပ်ရေးမှ အားလုံး ကဟော့ မှကြိုက်တယ်၊ ရာမည ထုတ်လုပ်ရေးမှ ချောကလက်ဘေဘီ၊
ကြောင်ကမ္ဘာ ထုတ်လုပ်ရေးမှ ဝဋ်ကြွေး၊ ရီမြင့် ထုတ်လုပ်ရေးမှ
ထာဝရအလင်းတန်းများ၊ ဗီးနစ် ထုတ်လုပ်ရေးမှ ချိန်း၊ ဆောင်း ထုတ်လုပ်ရေးမှ
ချစ်ပန်းဝေ၊ သရဝဏ် ထုတ်လုပ်ရေးမှ ရင်ကွဲနာ၊ ချင်းတွင်း ထုတ်လုပ်ရေးမှ
ပန်းကြာဝတ်မှုန် ဇာတ်ကားများဖြစ်ကြောင်း သိရသည်။
ပြည်မြန်မာဂျာနယ်

No comments:
Post a Comment