မြန်မာနိုင်ငံတွင် ပြန်ကြားရေးဝန်ကြီးဌာနက ပေးအပ်ခဲ့သော ရုပ်ရှင်အကယ်ဒမီ
ထူးချွန်ဆုများကို ၂၀၁၂-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစ၍ မြန်မာနိုင်ငံ
ရုပ်ရှင်အစည်းအရုံးနှင့် အနုပညာလာကသားများ ကသာ
ရွေးချယ်ပေး အပ်တော့ မည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်မှ
စတင်ကာ အနုပညာသမားများနှင့် လွတ်လပ်စွာ ဖွဲ့စည်းထားသော မြန်မာနိုင်ငံ
ရုပ်ရှင်အစည်းအရုံး အနေဖြင့် အဆိုပါရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ခွင့်ကို
ပထမဆုံး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အကယ်ဒမီပေး တာနဲ့ ပတ်သက်ပြီး
ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ပြောင်းလဲ လာတဲ့ ခေတ်စနစ်တွေနဲ့အညီ
အကယ် ဒမီဆုတွေကို ကျွန်တော်တို့ မြန်မာနိုင်ငံ ရုပ်ရှင်လောက သားများကသာ
ပေးအပ်လိုပါတယ် လို့ ပြန်ကြားရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့
တင်ပြခဲ့ရာမှာ အခုဆို ကျွန်တော်တို့ ဆောင်ရွက်လိုတဲ့အတိုင်း
ဆောင် ရွက်ခွင့်ရပြီ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။
“ကျွန်တော်တို့အနေနဲ့
အကယ်ဒမီပေးခွင့် ရလာပြီဆိုပေမယ့် ၂၀၁၁-၂၀၁၂ ခုနှစ်မှာ ပေးမယ်ဆိုရင်
ပြင်ဆင် ဆောင်ရွက်ဖို့အတွက် အချိန်တွေမရှိ ဖြစ်နေပါတယ်။ ဒါကြောင့် ၂၀၁၄
နှစ်ဆန်းကနေ ရုပ်ရှင်ထူးချွန်ဆုတွေ စပေးပါမယ်။ ပေးမယ့် ရုပ်ရှင်ကားတွေကတော့
၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်းမှာ တင်သမျှ ရုပ်ရှင်ကားတွေပဲ ဖြစ်ပါတယ်။
အဲဒီရုပ်ရှင်ကားတွေကို ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးနဲ့ အနုပညာရှင်တွေက
ပေးအပ်သွားမှာပါ” ဟု ဦးဇင်ဝိုင်းက ဆက်၍ ပြောခဲ့သည်။
မောင်ကျောက်ခဲ

No comments:
Post a Comment