Pages

Tuesday, October 30, 2012

ပအိုဝ်း စကားပြော (အခြေခံ) သင်တန်း ဖွင့်မည်

အောက်တိုဘာ(၃၀)


ရှမ်းပြည်နယ် တောင်ကြီးမြို့ ရှမ်းပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့ ရုံးခန်းမ၌ ရှမ်းပြည်နယ် မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့နှင့် ပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့် လှစ်မည့် ပအိုဝ်း စကားပြော(အခြေခံ) သင်တန်းကို နိုဝင်ဘာ ၂ ရက်မှ ၄ ရက် အထိ နံနက် ၉ နာရီမှ ၄ နာရီအထိ သင်တန်းဖွင့် လှစ်မည်ဖြစ်သည်။

သင်တန်းတွင် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံ နှုတ်ဆက်ခြင်း အကြောင်း အရာများ၊ နေ့စဉ်သုံး အထွေထွေ ပြောဆိုခြင်း အကြောင်း အရာများ၊ စားသောက်ကုန် ပစ္စည်းဆိုင်ရာ  အကြောင်း အရာများ၊ ဂဏန်း အရေအတွက် နေ့၊ လ၊ နှစ် အသက်အရွယ် အပိုင်းအခြား အကြောင်း အရာများ၊ မိသားစုနှင့် လူတန်းစား အခေါ်  အဝေါ်များ၊ သစ်ပင်၊ သစ်သီး၊ ပန်းများ အကြောင်း၊ အိမ်အသုံး အဆောင် ပစ္စည်းများ အကြောင်း၊ အရောင်း အဝယ် ဆိုင်ရာများ၊ ဘုရားရှိခိုး စသည်တို့ကို သင်ကြား ပို့ချမည်ဖြစ်ရာ စိတ်ပါ ဝင်စားသူများ တက်ရောက် လိုပါက ရှမ်းပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့ရုံး ဖုန်း-ဝ၈၁-၂၅ဝ၄၂ သို့ ဆက်သွယ် စာရင်းပေး သွင်း နိုင်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment