Pages

Monday, October 8, 2012

၉၂ ကြိမ်မြောက် မြန်မာ့ ရုပ်ရှင်နေ့ ကျင်းပမည်

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၏ ၉၂ ကြိမ်မြောက်မြန်မာ့ရုပ်ရှင်နေ့ အခမ်းအနားကို အောက်တိုဘာလ ၁၃ ရက်နေ့တွင်ရန်ကုန်မြို့တော် ဝင်္ကဘာလမ်းရှိ ရုပ်ရှင် အစည်းအရုံး၌ကျင်းပသွားမည် ဖြစ်ကြောင်း ယင်းအစည်း အရုံး၏ ထုတ်ပြန်ချက် အရ သိရသည်။

မြန်မာ့ရုပ်ရှင်နေ့တွင် Laural Art Academy နှင့် သရုပ်ဆောင် အရိုင်း၊ ညောင်ညောင်တို့က 'ရုပ်ရှင် ခရီးသည်'ပြဇာ
တ် ကပြမည် ဖြစ်ပြီး 'မြဂနိုင်' အသံတိတ် ရုပ်ရှင် ဇာတ်ကားကိုပြေတီဦး၊ အိန္ဒြာကျော်ဇင်နှင့် အောင်ခိုင် တို့က အသံဖြင့် သရုပ်ဆောင် သွားမည် ဖြစ်ကြောင်း ရုပ်ရှင် အစည်းအရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၁၉၂၀ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က Royal Cinemaဒီပဲရစ်ရုံတွင် ပထမဆုံး ပြသခဲ့သော 'မေတ္တာနဲ့ သူရာ' ဇာတ်ကား စတင် ပြသခဲ့သောနေ့ကို အစွဲပြုပြီးနှစ်စဉ် မြန်မာ့ရုပ်ရှင်နေ့ အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းအစည်း အရုံး တာဝန်ရှိ ပုဂ္ဂိုလ်က ရှင်းပြသည်။


From : 7day

No comments:

Post a Comment