Pages

Tuesday, October 16, 2012

ကွယ်လွန်သူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောအား ရည်စူး၍် ရက်လည်ဆွမ်းသွတ် အခမ်းအနား ရန်ကုန်တွင် ကျင်းပ

ရန်ကုန်၊ အောက်တိုဘာ ၁၆

၂ဝ၁၂ ခုနှစ်အောက်တိုဘာ လ ၁ဝ ရက်နံနက် ၃ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ယူနန် ပြည်နယ် ကူမင်းမြို့ ဆေးရုံ၌ ကွယ် လွန်ခဲ့သော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အားရည်စူး၍ ရက်လည်ဆွမ်း သွတ်အမျှပေးဝေခြင်း အခမ်းအ နားကို စမ်းချောင်းမြို့နယ်၊ မြောင်း မြလမ်း၊ အမှတ် ၃ဝ ရှိ မိသားစုဝင် များ၏ေ နအိမ်တွင်ယနေ့နံနက်ကကျင်းပခဲ့ သည်။

ရက်လည်ဆွမ်းသွတ် အခမ်း အနားသို့ နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်ကြီးများ၊ ရဲဘော်သုံးကျိပ် ဝင်မိသားစုများ၊ သတင်း မီဒီယာများတက်ရောက် ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက၊ ကာကွယ်ရေး ဦးစီးချုပ်(ငြိမ်း) သူရဦးတင်ဦးမှ ဧည့်မှတ်တမ်းတွင် ဝမ်းနည်း ကြောင်း လက်မှတ်ရေးထိုးခဲ့သည်။

ဗိုလ်ချုပ်မှူးဟောင်း ကျော် ဇောသည် ၁၉၄၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ရဲဘော်သုံးကျိပ် ဒုတိ ယအသုတ်အဖြစ
ဗိုလ်မင်းခေါင်၊ ဗိုလ်မြဒင်၊ ဗိုလ်လင်းယုံ၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်ဘုန်းမြင့်၊ ဗိုလ်မြင့်အောင်တို့နှင့် အတူ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ြှုဗ ကို တည်ထောင်ခဲ့သူဖြစ်သည်။

၁၉၇၆ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ရန်ကုန်မြို့မှ ထွက်ခွာပြီး ဗမာပြည် ကွန်မြူ နစ်ပါတီဌာနချုပ်၌ စစ် အကြံပေး၊ စစ်ကော်မရှင်အဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်ပြီး ဗဟို ကော်မတီတွင် ဗဟိုစစ်ဦးစီးချုပ် ဌာန၊ ဗဟိုစစ်ကော်မရှင် ပထမ ဒုတိယဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည်။
From -Popular Myanmar News

No comments:

Post a Comment