Shan News
Pages
(Move to ...)
Home
▼
Tuesday, October 16, 2012
မင်္ဂလာဈေးကုန်ထမ်းလုပ်သားအချို့ကြောင့်ဒုစရိုက်မှုများဖြစ်ပေါ်မှုအတွက်အရေးယူဆောင်ရွက်မည်
OCTOBER 16, 2012
ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂ လာတောင်ညွှန့်မြို့နယ်
အဆင့်မြင့် မင်္ဂလာဈေး၊မင်္ဂလာမွန်ဈေး၊ မင်္ဂလာ ဈေး
သစ်၊ရွှေပြည်စုံဈေးများ ၌ ဈေးဝင်း အတွ င်းနှင့်ဈေးရုံ အထပ် အသီးသီးတွင် ပြင်ပမှ လာရောက် ၍ကုန် ထမ်း(ဘောက်)၊ကုန်ကြို လုပ်ကိုင်နေသူများ ထဲတွင် တချို့မှာမသမာမှု၊ စာရိတ္တပျက်ယွင်းမှု ကြောင့်ဈး လာရောက်ဝယ်သူများ၏ ကုန်ပစ္စည်းများအလစ် သုတ်ခံရခြင်း၊ မကြာခဏဖြစ် ပေါ်လျက်ရှိရာ ၎င်းကိစ္စ များ အာဈး(၄)ဈေး မှ ဈေးသာယာရေး အဖွဲ့များနှင့် သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့်ဝိုင်းဝန်းထိန်းသိမ်း ကြပ်မတ်သွား ရန်မင်္ဂလာဈေး သာယာရေး အဖွဲ့ဥက္က ဋ္ဌမင်္ဂလာ တော်ညွှန့်မြို့နယ်တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာစောလှထွန်း၊ မင်္ဂလာမွန်ဈေး ဥက္ကဋ္ဌဦးကိုကိုကြီးတို့ဦးဆောင် သော ဦးစီးကော်မ တီတပ်ရပ်ဖွဲ့ စည်းကာ ကုန်ထမ်းသူများအား ထိန်းသိမ်းကြီးကြပ် ကွပ်ကဲဆောင် ရွက်သွားဖြစ်ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းစဉ်နှင့်ပတ် သက်၍ ဦးကိုကိုကြီး ကရှင်းပြရာတွင် လက်ရှိဒီဝင်း အတွင်းမှာရှိတဲ့ ဈေးလေးဈေးကို မှီခိုပြီးကုန်ကြို/ကုန်ထမ်းလုပ်ကိုင် နေတဲ့ဘောက်ဝန်ထမ်းတွေနဲ့ပတ် သက်ပြီး ပြဿနာမျိုးစုံရှိခဲ့ပါ တယ်။ဒီလိုလုပ် ရပ်တွေဆက် လက်ရှင်သန်လာမယ်ဆိုရင် ကျွန်တော်တို့ဈေးလေးဈေးရဲ့ဂုဏ်သိက္ခာ ကျဆင်းပြီးေ ကာင်း ရောင်းေ ကာင်းဝယ်လုပ်စားနေတဲ့ သူတွေရဲ့အကျိုးစီးပွားကိုထိခိုက် လာနိုင်ပါတယ်။ ဒီကုန်ထမ်းတဲ့သူ တွေအနေနဲ့ ကျွန်တော်တို့ကော် မတီက သတ်မှတ်ထားတဲ့ကုတ် အင်္ကျီ၊နံပါတ်၊သက်သေခံကတ် ပြားများဝတ်ဆင်ပြီးသတ်မှတ် ထားတဲ့စည်းကမ်းချက်(၁၄) ချက်ကိုလိုက်နာရမှာဖြစ်ပါ တယ်။ဒီအချက်တွေကိုဖောက် ဖျက်ကျူးလွန်ခဲ့မယ်ဆိုရင် ၎င်းတို့ ကို (Black List) သွင်းပြီး ဈေး ၀င်းအတွင်းမည်သည့်အချိန်မှဝင် ရောက်လုပ်ကိုင်ခွင့်မပြုသည့်အပြင် တရားဥပဒေအရအရေးယူဆောင် ရွက်သွားမှာဖြစ်ပါတယ်။
တစ်ဖန်အဆင့်မြင့်မင်္ဂလာ ဈေးသာယာရေးကော်မတီဝင် ဦးကျော်မင်းသိန်းကလည်း ဈေးကြီးကိုမှီခို စားသောက်ေ နတဲ့ ဘောက်အလုပ် သမားတွေထဲမှာ တချို့ဟာရိုး သားစွာလုပ်ကိုင်စားသောက်ခြင်း မပြုဘဲဒု စရိုက်မှုတွေ ကျူးလွန်ခဲ့ တာတွေရှိခဲ့ပါတယ်။သူတို့ကို လိုက်ဖမ်းတဲ့စည်ပင်ဝန်ထမ်းတွေကို တောင်ထိုး ကြိတ်ထွက်ပြေး တာ တို့၊ ဈေးဆိုင်ကပစ်္စည်းအလစ်သုတ် တာတို့၊ကားပေါ်ကပစ္စည်းအလစ် သုတ်တာတို့ရှိခဲ့တာေ ကြာင့် ထိ ခိုက်နစ် နာမှုတွေဖြစ်ခဲ့တဲ့အပေါ် ထိန်းချုပ်ကာကွယ်ဖို့အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး စည်း ကမ်းချက်တွေေ ရးဆွဲ ခဲ့ကြောင်း၊ ဒီစည်းကမ်းချက်တွေကို သက်ဆိုင်ရာ၊မြို့နယ်ဥပဒေအကြံ ပေး၊ တိုင်းစည်ပင်အဖွဲ့တွေ၊မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေရေးဆွဲ ထုတ်ပြန်ခဲ့ကြောင်း၊ဒါ့အပြင် ထုတ်ပြန်ထားတဲ့စ ည်းကမ်းထုတ် ပြန်ချက်တွေကို လိုက်နာ မှုရှိ၊မရှိ ကို နေ့စဉ်စည်ပင်ဝန်ထမ်း(၃)ဦး၊ ရဲဝန်ထမ်း(၃)ဦး၊ဈေးလေးဈေးမှ သာယာရေးအဖွဲ့ဝင်(၄)ဦးတို့က ရုံးထိုင် ပြီးကြီးကြပ်ဆောင်ရွက်သွား မှာဖြစ်ကြောင်းကွပ်ကဲရေးရုံးခန်း ဆောက်လုပ်ဖို့ သက်ဆိုင်ရာကို တင်ပြထားကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment