Pages

Friday, October 19, 2012

လားရှိုးမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးထိုးကျလာသဖြင့် တစ်ဦးသေဆုံး

 အောက်တိုဘာ(၁၉)
 
လားရှိုးမြို့၊ရပ်ကွက်(၂)၊ ပြည်ထောင်စုလမ်းမကြီးပေါ်၊ ရေပန်းလမ်းဆုံအနီးတွင် အောက်တိုဘာလ ၁၉ ရက်နေ့၊ နေ့လယ် ၁၂ နာရီအချိန်က သီပေါဖက်မှ
မောင်းနှင် လာသော (၁၂)ဘီးကုန်တင် ယာဉ်တစ်စီး သည် ဘရိတ်ပေါက်ကာ လမ်းဘေးသို့ ထိုးကျခဲ့ပြီး လမ်းဘေးလေထိုး ကျွတ်ဖာဆိုင်မှ အလုပ်လုပ်နေသူ တစ်ဦးအားတိုက်ကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သီပေါဖက်မှ ယာဉ်မောင်း အောင်မျိုး၊ အသက်(၂၆)နှစ် (ဘ) ဦးဘသန်း၊ နမ့်ဆန်မြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် ၂ခ/၈၈၄၉(၁၂)ဘီးကားသည် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ၊ ရေပန်း လမ်းဆုံ အရောက်တွင် လမ်းဘေးရှိ ကျော်လေထိုးကျွတ်ဖာဆိုင်အား တိုက်မိခဲ့ရာ ဆိုင်ရှေ့တွင်ရပ်ထားသော ဆိုင်ကယ်(၂)စီးအား တိုက်ကြိတ် ကာ ကျော်လေထိုးကျွတ်ဖာဆိုင်ရှေ့တွင် အလုပ်လုပ်နေသော ဦးမောင်မောင်လေး အသက်(၄၅)နှစ်အား တိုက်ကြိတ်ခဲ့ကြောင်း သိရသည်။

''လမ်းက ကုန်းဆင်းကြီးဆိုတော့ ကုန်ကားကြီးက ဘရိတ်ပေါက်ပြီး အရှိန်နဲ့ ဆင်းလာတာ။ တယ်လီဖုန်းတိုင်နဲ့ သစ်ပင်ကိုတိုက်ချပြီးလမ်းဘေးရေမြောင်း ထဲ ကျသွားတာ'' ဟု ၄င်းအဖြစ်အပျက်ကို တွေ့ကြုံခဲ့သူက ပြောပါသည်။

အဆိုပါယာဉ်သည် မူဆယ်သို့ပို့ရန် ပြောင်းအိတ်များ တင်ဆောင်လာသော ကားဖြစ်ပြီး ၄င်းယာဉ်တိုက်မှုကြောင့် ကျော်လေထိုးကျွတ်ဖာဆိုင်ရှေ့တွင် အလုပ်လုပ်နေသော ဦးမောင်မောင်လေး အသက်(၄၅)နှစ် အခင်းဖြစ်နေရာ တွင် သေဆုံးခဲ့ပြီး၊ ယာဉ်မောင်းသူမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေ ဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်အား ယာဉ်အားကြံ့ခိုင်မှု စစ်ဆေးခြင်းမရှိဘဲ ယာဉ်မဆင်မခြင်မောင်းနှင်သူ၂ခ/၈၈၄၉(၁၂)ဘီးယာဉ်မောင်း အောင်မျိုး (ဘ) ဦးဘသန်းအား၊ လားရှိုးမြို့၊အမှတ်(၁)ရဲစခန်းတွင်ပ/၃၈၇/၂၀၁၂ ပြစ်မှု ပုဒ် မ ၃၃၈/၃၀၄-ကဖြင့် အမှုဖွင့်ပြီး ရဲအုပ်စောဝင်းမှ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Eleven Media Group

No comments:

Post a Comment