Pages

Sunday, October 28, 2012

တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အကောင်းဆုံး ရွတ်ဖတ်ပူဇော် ပြိုင်ပွဲကျင်းပ

အောက်တိုဘာ(၂၈)

အောက်တိုဘာ(၂၇)ရက်နေ့ နေ့လည်(၁၂း၁၅)နာရီက တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ 

ကျင်းပပြုလုပ်တဲ့ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အကောင်းဆုံးရွတ်ဖတ်ပူဇော် ပြိုင်ပွဲကို တာချီလိတ်မြို့ 

နယ်ဓမ္မာရုံထဲမှာ ကျင်းပခဲ့ကြပါတယ်။


 

အဆိုပါပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်တဲ့အသင်း (၁၀)သင်းရှိကြောင်း သိရပါတယ်။ ပြိုင်ပွဲဝင်(၁၀)သင်းမှာ
  • ၁) ထွေ/အုပ် ၀တ်အသင်း
  • ၂) ခရိုင်ရဲတပ်ဖွဲ့ ၀တ်အသင်း
  • ၃) အဘိဓမ္မာပြန့်ပွားရေး ၀တ်အသင်း
  • ၄) ဂေါ်ရခါးမဂ္ဂင်ရိပ်သာ ၀တ်အသင်း
  • ၅) ပုန်းထွန်+တာလော့ ၀တ်အသင်း
  • ၆) ဆန်ဆိုင်း(က+ခ) ၀တ်အသင်း
  • ၇) ၀မ်ကောင်း+မယ်ခေါင် ၀တ်အသင်း
  • ၈) အ.ထ.က(တာချီလိတ်) ၀တ်အသင်း
  • ၉) အ.ထ.က(ဆန်ဆိုင်း) ၀တ်အသင်း
  • ၁၀) အ.ထ.က[ခွဲ] (ဟောင်လိတ်) ၀တ်အသင်း

တို့ဖြစ်ကြပြီး ပြိုင်ပွဲဝင် အသင်းတစ်သင်းရဲ့ အင်အားကို (၁၅)ယောက် သတ်မှတ်ပေးထားပြီး အရံအဖြစ် 


(၃)ဦးထည့်သွင်းထားကာ စုစုပေါင်း တစ်သင်းမှာ (၁၈)ဦးရှိပြီး ပြိုင်ပွဲဝင်ဝတ်ရွတ်အသင်း(၁၀)သင်းရဲ့ 

အင်အားမှာ (၁၈၀)ဦးရှိပါတယ်။


ပြိုင်ပွဲကာလကို အောက်တိုဘာ(၂၇)ရက်နေ့မှ အောက်တိုဘာ(၂၉)ရက်နေ့ထိ သတ်မှတ်ပေးထားပြီး 

ဆုပေး ပွဲ ကိုတော့ အောက်တိုဘာ(၃၀)ရက်နေ့ ညနေ(၄)နာရီ တာချီလိတ်ရွှေတိဂုံစေတီတော်မှာ ကျင်းပ 

မယ်လို့ သိရပါတယ်။


တာချီလိတ်အွန်လိုင်းစာမျက်နှာ

No comments:

Post a Comment