Pages

Thursday, October 18, 2012

ဆီဆိုင်မြို့ ဆရာတော်အရှင်ကောဝိဒါဘိဝံသ ဦးစီးပြီး ပြည်သူလူထုအတွက် ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းဖွင့်လှစ်

ခွန်စိမ်းမောင်(တောင်ကြီး) October 18, 2012 | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ဇ၀နာရာမပရိယတိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ အရှင်ကောဝိဒါဘိဝံသ ဦးစီးသော ကုသိုလ်ဖြစ် အခမဲ့ ကျန်းမာရေးဆေးခန်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၂ ရက်နေ့ ဆီဆိုင်မြိုံ အရိယာမဂင် မြို့လယ်ဓမာရုံတွင် ကျင်းပကြောင်း သိရသည်။



ဆီဆိုင်မြို့ ဇ၀နာရာမစာသင်တိုက် ပဓာနနာယကဆရာတော်
အရှင်ကောဝိဒဘိဝံသ ကို တွေ့ရစဉ်။
အဆိုပါ အခမ်းအနားတွင် တောင်ကြီးမှ အထွေထွေဆရာဝန်ကြီး ဒေါက်တာဦးခွန်လှမောင် နှင့် ဒေါက်တာ ဦးမင်းလွင်ဦး တို့ ခေါင်းဆောင်သော ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ဝင်များနှင့် ဆီဆိုင်မြို့နယ် ကျန်းမာရေး ပရဟိတအဖွဲ့တို့ ပူးပေါင်းကာ အထွေထွေလူနာ (၇၈)ဦးအား အခမဲ့ ကျန်းမာရေး အခမဲ့ စစ်ဆေးကုသပေးခြင်းနှင့် ဆေးဝါးများထောက်ပံ့ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း ကြေးမုံသတင်းစာမှာ ဖော်ပြထားပါသည်။

အထူးသဖြင့် သောတုဇန စာသင်သံဃာတော် အပါး (၄၀၀) ကျော်ရှိသည့် ဆီဆိုင်မြို့နယ်တွင် အကြီးဆုံးသော ဇ၀နာရာမပရယတိ စာသင်တိုက် ပဓာန နာယကဆရာတော်ဘုရားကြီး၏ စေတနာဖြင့် ကျေးလက်နေတိုင်းရင်းသား ပြည်သူလူထုတို့၏ ကျန်းမာရေးပိုမိုကောင်းမွန်လာစေ ရေးအတွက် ကုသိုလ်ဖြစ် အခမဲ့ကျန်းမာရေးဆေးခန်းကို အပတ်စဉ် ငါးရက်တစ်ကြိမ် ဖွင့်လှစ်ပြီး စစ်ဆေးကုသပေးနေကြောင်း သိရသည်။

No comments:

Post a Comment