Pages

Tuesday, October 9, 2012

တောင်ကြီးမြို့တွင် ထော်လာဂျီကိုဝင်တိုက်သည့် ဆိုင်ကယ်သမားသေဆုံး

အောက်တိုဘာ(၉)

ထော်လာဂျီအား ဆိုင်ကယ်ဖြင့်ဝင်တိုက်ထားပုံ



တောင်ကြီးမြို့ အေးသာယာ စက်မှုဇုံ(၁၂)ရပ်ကွက်တွင် အောက်တိုဘာလ(၇)ရက် နေ့ညနေ(၇)နာရီ ခန့် တွင် ထော် လာဂျီနှင့် ဆိုင်ကယ် တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ဖြစ်ပွားပုံကတော့ အေးသာယာစက်မှုဇုံ(၁၂)မှာနေထိုင်တဲ့ မြင့်သိန်းဝင်း အသက်(၃၀)နှစ်နဲ့ အေးသာယာ စက်မှု ဇုံ(၉)မှာ နေထိုင်တဲ့ ဦးဟန်နိုင်ဦး အသက်(၃၄)နှစ်တို့နှစ်ယောက်ဟာ ဆိုင်ကယ်စီးနင်းလာစဉ် စက်မှုဇုံ(၁၂) ရပ်ကွက်၊ စံပြလမ်းဘေးတွင် ရပ်ထားသောထော်လာဂျီကို ၀င်တိုက်ခဲ့ခြင်းဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ကားဘော်ဒီဆေးမှုတ်တဲ့သူတွေ ဖြစ်ပါတယ်။

                                                                   သေဆုံးသူ မြင့်သိန်းဝင်းပုံ


ယာဉ်တိုက်မှုကြောင့် နှစ်ဦးစလုံးမှာ နားရွက်၊ နှာခေါင်း ၀ဲယာလက်များမှာ ဒဏ်ရာတွေရရှိခဲ့ပြီး ပါးစပ်မှလည်း သွေးအန်ခဲ့ပါတယ်။ ဒါကြောင့် တာဝန်ရှိသူတွေမှ တောင်ကြီးမြို့စစ်စံထွန်းဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ ပေမယ့်လည်း     မြင့်သိန်းဝင်းဟာ ည ၈ နာရီခွဲသေဆုံးသွားပြီး ဟန်နိုင်ဦးကတော့  နောက်နေ့ မ နက် ၈ နာရီကျော်မှာ သေဆုံးသွားခဲ့ပါတယ်။

                                                                       သေဆုံးသူ ဟန်နိုင်ဦးပုံ


``ကျွန်တော်တို့ တောင်ကြီးမြို့ဟာ ဆိုင်ကယ်စီးတဲ့သူတွေများတဲ့ မြို့ကြီးတစ်မြို့ပါ။ နှစ်တိုင်းလည်း ဆိုင်ကယ် တိုက်မှုတွေ ရှိပါတယ်။ အခုတိုက်တဲ့အမှုကတော့ ရပ်ထားတဲ့ထော်လာဂျီကို ၀င်တိုက်ပြီး(၂)ဦး စလုံး သေဆုံးခဲ့ရတာပါ။ ဆိုင်ကယ်မောင်းသူ မြင့်သိန်းဝင်းဆိုရင် သေသွားတာတောင် ဥပဒေကသူ့ကိုခွင့် မလွှတ်ဘဲ ပုဒ်မ ၃၃၈/၃၀၄(က)နဲ့ အမှုဖွင့်ခံထားရတုန်းပါ´´ဟု စက်မှုဇုံ(၁၂)ရပ်ကွက်ရှိ မြင့်သိန်းဝင်း မိတ်ဆွေ တစ်ဦးမှ ပြောပြသွားပါတယ်။

No comments:

Post a Comment