Pages

Friday, October 5, 2012

အီရန်နိုင်ငံ အနေဖြင့် ရန်သူ၏ အီလက်ထရောနစ် စစ်ဆင်ရေးကို တုံ့ပြန်ရန် ပြင်ဆင်ထား သည်ဟုဆို

အီရန် တပ်မတော်သည် ရန်သူ၏ အီလက်ထရောနစ် စစ်ဆင်ရေး လုပ်ငန်းများကို တုံ့ပြန်ရန် အပြည့်အဝ ပြင်ဆင် ထားကြောင်း အီရန်နိုင်ငံ၏ Khatam al-Anbia လေကြောင်းရန် ကာကွယ်ရေး အခြေစိုက် စခန်းမှူး ဖာဇက်အီ စမေလီက အောက်တိုဘာလ ၁ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ အနာဂတ်ကာလ စစ်ပွဲများအား ၁၉၈ဝ-၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သော အီရန်-အီရတ် ၈ နှစ် ကြာစစ်ပွဲ ကဲ့သို့ အဖြစ်ခံမည် မဟုတ်ကြောင်းနှင့် အီရန်အနေဖြင့် အီလက်ထရောနစ် စစ်ပွဲနှင့် ရင်ဆိုင်ရနိုင်ဖွယ် ရှိကြောင်း အီစမေလီက ပြောကြား ခဲ့ပါသည်။ အီရန်အနေဖြင့် လှိုင်းနှုန်း အမျိုးမျိုးကို ဖမ်းယူနိုင်စွမ်းရှိသည့် ခြေရာခံစနစ် များကို ပိုင်ဆိုင် ထားရှိပြီ ဖြစ်ကြောင်းနှင့် ၎င်းစနစ်များ ကို ထောက်ကူပေးရန် လိုအပ်ချက် တစ်ရပ်ရှိ နေကြောင်း၊ ခေတ်မီ စောင့်ကြည့်ရေး စနစ်များ ကဲ့သို့သော အဓိ ကစီမံကိန်း များဖြစ်သည့် အီလက်ထရောနစ် စစ်ဆင်ရေးသုံး ပစ္စည်း ကိရိယာများ အား ပုံစံရေး ဆွဲထုတ် လုပ်မှု တို့ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း အီစမေလီက ပြောကြားခဲ့ပါသည်။ Khatam al-Anbia လေကြောင်းရန် ကာကွယ်ရေး အခြေစိုက်စခန်း၏ မူဝါဒမှာ နိုင်ငံ၏ နျူကလီးယား စက်ရုံများနှင့် အရေးပါသော အဆောက် အအုံများအား ကာကွယ်ရာတွင် ပြည်တွင်းလုပ် လေကြောင်းရန် ကာကွယ်ရေး စနစ်များကို အသုံးပြု၍ အဆင့်လိုက် ကာကွယ် သွားရန်ပင်ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြား ခဲ့ပါသည်။


Photo: အီရန်နိုင်ငံ အနေဖြင့် ရန်သူ၏ အီလက်ထရောနစ် စစ်ဆင်ရေးကို တုံ့ပြန်ရန် ပြင်ဆင်ထား သည်ဟုဆို  အီရန် တပ်မတော်သည် ရန်သူ၏ အီလက်ထရောနစ် စစ်ဆင်ရေး လုပ်ငန်းများကို တုံ့ပြန်ရန် အပြည့်အဝ ပြင်ဆင် ထားကြောင်း အီရန်နိုင်ငံ၏ Khatam al-Anbia လေကြောင်းရန် ကာကွယ်ရေး အခြေစိုက် စခန်းမှူး ဖာဇက်အီ စမေလီက အောက်တိုဘာလ ၁ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ အနာဂတ်ကာလ စစ်ပွဲများအား ၁၉၈ဝ-၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သော အီရန်-အီရတ် ၈ နှစ် ကြာစစ်ပွဲ ကဲ့သို့ အဖြစ်ခံမည် မဟုတ်ကြောင်းနှင့် အီရန်အနေဖြင့် အီလက်ထရောနစ် စစ်ပွဲနှင့် ရင်ဆိုင်ရနိုင်ဖွယ် ရှိကြောင်း အီစမေလီက ပြောကြား ခဲ့ပါသည်။ အီရန်အနေဖြင့် လှိုင်းနှုန်း အမျိုးမျိုးကို ဖမ်းယူနိုင်စွမ်းရှိသည့် ခြေရာခံစနစ် များကို ပိုင်ဆိုင် ထားရှိပြီ ဖြစ်ကြောင်းနှင့် ၎င်းစနစ်များကို ထောက်ကူပေးရန် လိုအပ်ချက် တစ်ရပ်ရှိ နေကြောင်း၊ ခေတ်မီ စောင့်ကြည့်ရေး စနစ်များ ကဲ့သို့သော အဓိကစီမံကိန်း များဖြစ်သည့် အီလက်ထရောနစ် စစ်ဆင်ရေးသုံး ပစ္စည်း ကိရိယာများ အား ပုံစံရေး ဆွဲထုတ်လုပ်မှု တို့ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း အီစမေလီက ပြောကြားခဲ့ပါသည်။ Khatam al-Anbia လေကြောင်းရန် ကာကွယ်ရေး အခြေစိုက်စခန်း၏ မူဝါဒမှာ နိုင်ငံ၏ နျူကလီးယား စက်ရုံများနှင့် အရေးပါသော အဆောက် အအုံများအား ကာကွယ်ရာတွင် ပြည်တွင်းလုပ် လေကြောင်းရန် ကာကွယ်ရေး စနစ်များကို အသုံးပြု၍ အဆင့်လိုက် ကာကွယ် သွားရန်ပင်ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြား ခဲ့ပါသည်။  http://www.myawady.com.mm/index.php/all-news/international-news/2012-10-03-08-22-57
 From : မြဝတီ

No comments:

Post a Comment