Pages

Wednesday, October 24, 2012

အင်းလေးကန်အတွင်း စက်လှေနှစ်စီးတိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံး

အောက်တိုဘာ(၂၄)

မောင်ဇော်ထက်အောင်အလောင်းအား ရှာတွေ့ခဲ့ပုံ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်း အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လည် ပိုင်းက စက်လှေ ၂ စီးတိုက်မိပြီး လူ တစ်ဦးသေဆုံးခဲ့ပါတယ်။



ဖြစ်ပွားခဲ့တာကတော့ `` ညောင်ရွှေမြို့၊ အင်းတိန်ရွာမှ ကိုမှေးမောင်းနှင်လာတဲ့ စက်လှေ အမှတ် ည၇/၁၅၅၁ ဟာ ဟဲယာရွာမရွာ အနားအရောက်မှာ ကိုထူးအောင်မောင်းနှင်လာတဲ့ စက်လှေအမှတ် ည၇/၀၆၆၂ ကိုဝင် တိုက်မိခဲ့ပါတယ်။ ကိုထူးအောင် စက်လှေပေါ်မှာပါလာတဲ့ ခရီးသည်တွေဖြစ်တဲ့ ပင်းတယမြို့မှ ဒေါ်သန်း၊ ဒေါ် ခင်လေးတို့မှာ ဦးခေါင်းနဲ့ တံတောင်ဆစ်တို့မှာ ပေါက်ပြဲဒဏ်ရာ အသီးသီး ရရှိခဲ့ကြ ပါ တယ်။ မောင်ဇော်ထက်အောင်(၂၇)နှစ်၊ (ဘ)ဦးမိုးရွှေ၊ ပင်းတယမြို့နေသူကတော့ စက်လှေတိုက်မိတဲ့ အရှိန်နဲ့ ရေထဲကျပြီး ပျောက် ဆုံးသွားခဲ့ပါတယ်။ အခြားစက်လှေတွေနဲ့ ဟဲယာရွာမ ရွာသား တွေ ၀ိုင်းဝန်း ရှာဖွေပေးခဲ့တဲ့အတွက် ၁ နာရီကျော် လောက်အကြာမှာ အလောင်းကိုပြန်လည် တွေ့ရှိခဲ့တာပါ ´´ လို့ ဟဲယာရွာမ ရွာသားတစ်ဦးမှ ပြောသွားပါ တယ်။

 ကိုမှေးမောင်းနှင်လာသည့် စက်လှေ အမှတ် ည၇/၁၅၅၁

အင်းလေးကန်ဟာ အလျား(၃၆)မိုင်၊ အနံ(၈)မိုင်ရှည်လျားပြီး မြန်မာနိုင်ငံအတွက် သမိုင်းဝင်ကန်ကြီးဖြစ်ပါ တယ်။ အင်းလေးကန်ဟာ ရှမ်းတိုင်းရင်းသားများအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရိုးရာအမွေအနှစ်တစ်ခု လည်းဖြစ် ပါတယ်။ အင်းလေးကန်ထဲမှာ ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေကို တွင်ကျယ်စွာလုပ် ကိုင်လျက်ရှိပါတယ်။ သီတင်းကျွတ်လတွင် ဖောင်တော်ဦးဘုရားပွဲကို အင်းလေးကန် ထဲ မှာပင် နှစ် စဉ်စည် ကား စွာ ကျင်းပကြပါတယ်။ အင်းလေးကန်ကိုနိုင်ငံခြားသားတွေ နှစ်စဉ်လာရောက်နေ တဲ့အတွက် နိုင်ငံတော်ကို ၀င် ငွေတိုးပွားစေပြီး ရှမ်းပြည်နယ်အတွက်လည်း ဂုဏ်ယူစရာပဲဖြစ်ပါတယ်။

 တရားခံ ကိုမှေး(ဘ)ဦးထွန်းဇံ

ဒီလို နိုင်ငံအတွက်ရော၊ ရှမ်းပြည်သူ/သားတွေအတွက် အဖက်ဖက်မှအကျိုးပြုဂုဏ်ဆောင်ပေးနေတဲ့ အင်း လေးကန် ကြီး ထဲမှာ အမှုအခင်းတွေ၊ ပြဿနာတွေမဖြစ်ပွားစေဖို့   ကျွန်တော်တို့အားလုံး   ၀ိုင်းဝန်းထိန်းသိမ်း   သင့်တယ်လို့ အကြံပြု လိုက်ပါတယ်။

No comments:

Post a Comment