Pages

Thursday, October 25, 2012

မိုင်းအိုက်ဖုန်းနဲ့ မိုင်းဘုန်းကျော်တို့ကို သိအောင်ပြောပေးပါ..

အောက်တိုဘာ(၂၅)




ကျွန်တော်က အခု ပလောင်စစ်သားတစ်ယောက်ပါ. ဟိုနမ့်ရွာကပါ. အရင်တုန်းကတော့ ပလောင် တပ်မတော်ပေါ့နော်. အခုတော့ ပလောင်(တအာင်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ဆိုပြီး အမည်သစ်နဲ့ဖွဲ့တယ်။ ရည်ရွယ်ချက်က ဘာလဲမသိဘူး၊ ရပ်တည်ချက်တို့ ရည်မှန်းချက် တို့လည်း ဘာလဲ မသိ ပါဘူး. ကျွန်တော်တို့ကိုလည်း ဘာမှပြောမပြပါဘူး. သူတို့လုပ်နေတာတွေကိုလည်း နားမလည်တော့ ဘူး၊ ပလောင်ဒေသနဲ့ ကိုယ့်လူမျိုးအကျိုးအတွက် ဘာမှလည်း လုပ်ပေးတာမတွေ့ရဘူး။ ကိုယ့်လူမျိုးကို လူကောင်း ကနေ လူဆိုးဖြစ်အောင်၊ စိတ်ရိုင်းစိတ်မိုက်ဝင်အောင် ရိုက်သွင်းနေသလိုပဲ။ အတင်း ပလောင်စစ်သား လုပ်ခိုင်း တယ်။ မလုပ်ရင် အသတ်ခံရမယ်ပေါ့. အဲတော့ အသတ်တော့မခံနိုင်ဘူး။ ထွက်ပြေးနေတာပဲကောင်း တယ်လို့ တွေးမိတယ်။


ဒါပေမယ့် အခုတော့ ပလောင်စစ်သား ဖြစ်နေပြီ။ ကိုယ့်လူမျိုးတွေအပေါ် အနိုင်ယူနေရတဲ့ အရသာကို ငြီးငွေ့လာပြီ။ ဟိုး..က လူကြီးတွေရော၊ ခေတ်စနစ်တွေရော ပြောင်းနေပြီ။ ငြိမ်းချမ်းတဲ့ အရသာကို လည်း မြန်မြန်လိုချင်နေပြီ။ ဒီအတွေးတွေကို ရင်ထဲမှာပဲ သိမ်းထားခဲ့ရတာကြာပါပြီ၊ အခု မမျိုသိပ်နိုင်တော့လို့ ရင်ဖွင့်ရတာပါ၊ ပလောင်စစ်သားတစ်ယောက်ရဲ့  ရင်တွင်းခံစားချက်အစစ်အမှန်ပါ။ အခု ကျွန်တော့လို စိတ်တူကိုယ်တူတွေ ရနိုင်သလောက်စုစည်းနေပါတယ်။  ရင်ဖွင့်ပေးကြပါလို့ ပြောချင်ပါတယ်။ လက်အောက်က ပလောင်စစ်သားတွေရဲ့ ရင်တွင်းခံစားချက်ကို မသိကျိုးကျွံပြုနေတာလား၊ မသိဟန်ဆောင် နေတာ လား။ ခေါင်းဆောင်တွေကိုမေးချင်ပါတယ်။
ဒီခံစားချက်တွေကို မိုင်းအိုက်ဖုန်းနဲ့ မိုင်းဘုန်းကျော်သိပါသလား။ ကိုယ့်လူမျိုးတွေရဲ့ဘ၀ကို အောက်ခြေ အဆင့်ထိ လာကြည့်ပါ။ နိုင်ငံခြားမှာနေပြီး လုပ်ချင်တာတွေ မလုပ်ပါနဲ့။ ကိုယ်ကျိုးအတွက်ပဲ မကြည့်ပါနဲ့။ လူအများရဲ့ ရင်တွင်းခံစားချက်ကိုကြည့်ပေးပါ။ ဒီအတိုင်းဆက်လုပ်နေမယ်ဆိုရင် ပလောင်စစ်သားတွေရဲ့ ရင်တွင်းခံစားချက်တွေပေါက်ကွဲကုန်တော့မယ်။ သူများရဲ့ လက်ဝေခံ၊ သူများခိုင်းတိုင်း လုပ်နေမှာလား။ သူများခိုင်းတိုင်း၊ မြောက်ပေးတိုင်းလုပ်ရင် ကိုယ်ဘယ်အဆင့်ရောက်သွား မလဲ စဉ်းစားပါလို့ ပြောချင်ပါတယ်။
ကျွန်တော်တို့ကို အမေတွေက ပြန်ခေါ်နေပြီ...


(ပလောင်တပ်သား တယောက်မှ ပေးပို့ပါသည်)
 

 

No comments:

Post a Comment