Pages

Monday, October 22, 2012

ရှမ်းပြည်နယ်တောင်ကြီးသို့သွားရာတောင်ပေါ်လမ်းများ၌ လမ်းကြောင်းအချက်ပြစနစ်များမရှိသလောက်အားနည်းလျက်ရှိ

အောက်တိုဘာ(၂၂)

 

ရှမ်းပြည်နယ်ရှိတောင်ပေါ် ကားလမ်းများ၌ လမ်းကြောင်း အချက်ပြစနစ်များလုံးဝမရှိသလောက်  အားနည်းလျက်ရှိနေပြီး။ ယင်း  ကြောင့် ယာဉ်မောင်းများ အခက် တွေ့လျက်ရှိကာ တာဝန်ရှိသူများ အနေဖြင့် လမ်းကြောင်းအချက်ပြ  စနစ်များတပ်ဆင်ပေးခြင်းမပြုပါက   ယာဉ်အန္တရာယ်များ များစွာရှိလာ နိုင်သည့်အပြင်မလိုလားအပ်သော  ယာဉ်တိမ်းမှောက်မှုများပါဖြစ်လာ နိုင်ကြောင်း အဝေးပြေးယာဉ်မောင်း အချို့မှသုံးသပ်ပြောကြားကြသည်။
“တောင်ပတ်လမ်းတွေမှာ ဘာအချက်ပြသတိပေးစနစ်မှ မတပ်ထားဘူးဗျာ။ တော်တော်ဆိုး တယ်။ တောင်ပတ်လမ်းဆိုတဲ့ အတိုင်း အကွေ့အ၀ှိုက်တွေက အရမ်းများပြီး နီးနေတာ အဲဒါ လမ်းကွေ့နေရာတွေမှာ နှစ်ဖက် လုံးကမြင်နိုင်တဲ့ မှန်ခုံးအ၀ိုင်းမျိုး တွေ၊ ပြီးတော့အကွေ့နေရာတွေ၊ မှာ ရောင်ပြန်အမှတ်အသားတွေ   ထားပေးသင့်တယ်။ ကားသမား တွေကခု ဟွန်းသံပေးပြီး တစ်စီး နဲ့ တစ်စီးအချက်ပြနေရတာ။ ဟွန်းဆိုတာလည်း အာရုံမရှိရင် ကြားနိုင်မှမဟုတ်ဘူး။ အဲသလို အချက်ပြစနစ်တွေဘာဆိုဘာမှမရှိတော့ ယာဉ်မောင်းတွေခမျာ ဘုရားတပြီး မောင်းနေရတယ်။  မတော်လို့ တစ်စီးနဲ့တစ်စီးတောင် ကွေ့လမ်းတွေမှာတိုက်မိကြည့်  ချောက်ထဲတန်းကျမှာ။ နောက်ပြီး တော့ အရှိန်နဲ့ စည်းကမ်းမဲ့စွာ မောင်းနေတဲ့ဆိုင်ကယ်တွေလည်း ရှိသေးတယ်။ ဒါနဲ့ ပတ်သက်ပြီး အချက်ပြတာလေးတွေ စိုက်ထား ပေးရင်တော့ ဖြစ်လာမယ့်ယာဉ် အန္တရာယ်ကြိုတင်ကာကွယ်နိုင်မှာ  ပေါ့ဗျာ”ဟု အဝေးပြေးယာဉ်မောင်း  တစ်ဦးက တောင်ပေါ်လမ်းများ၌  အချက်ပြစနစ်အားနည်းမှုအား သုံးသပ်ပြောကြားသွားခဲ့သည်။
ရှမ်းပြည်နယ်၏ တောင်ပေါ် ပတ်လမ်းများအထူးသဖြင့်ကလော၊  တောင်ကြီးမြို့များအနီးရှိ တောင် ပတ်လမ်းများ၌မူ ရေတိုင်ကီအပျက်  များအား ရောင်ပြန်စတစ်ကာများ ကပ်၍သာ လမ်းများ၌အချက်ပေး ဘုတ်သဖွယ်အသုံးပြုပြီး။ ဤနေရာ   များတွင် အချက်ပြတိုင်၊ လမ်း ကြောင်းပြဘုတ်များနှင့် ရောင်ပြန် အမှတ်အသားများတပ်ဆင်ထား ခြင်းလုံးဝမရှိကြောင်း လေ့လာတွေ့  ရှိရသည်။

No comments:

Post a Comment