Pages

Monday, October 29, 2012

ရှမ်းပြည်နယ်တွင် (၆)နှစ်အတွင်း မူးယစ်ကင်းစင်ရေး ဆောင်ရွက်သွားမည်

အောက်တိုဘာ(၂၉)


ရှမ်းပြည်နယ်တွင် အစားထိုးသီးနှံဖွံ့ဖြိုးရေးနှင့် တရားမ၀င်မူးယစ်ဆေးတိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးပွဲအား အစိုးရနှင့် အပစ်ရပ် ရှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီ RCSSအနေဖြင့် အောက်တိုဘာ (၂၈)ရက်နေ့က ကျင်းပခဲ့သည်။

အဆိုပါပွဲအား အောက်တိုဘာ ၂၇ ရက်နေ့က တာချီလိတ်မြို့နယ်က အောင်မြတ်မြို့တော်ခန်းမတွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး  ရှမ်းပြည်နယ် အစားထိုးဖွံ့ဖြိုးရေးနဲ့ တရားမ၀င် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာဆွေးနွေးပွဲကို (၂)ရက် ဆက်ကျင်းပခဲ့ခြင်းဖြစ်သည်။
 
 ရှမ်းပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ မူးယစ်ဗဟိုနှင့် မူးယစ်ဆေးဝါး ပပျောက်ရေးဌာနမှ ရဲမှူးကြီး မြင့်အောင်အပါအ၀င် မြန်မာနိုင်ငံအခြေစိုက် UNODC က country manager   Mr Jason Elighနှင့် အပါအ၀င် SSA ဖက်က ဗိုလ်မှူးချူပ်ပေါင်ခေး ဦးဆောင်သည့် အဖွဲ့ဝင် ၁၄ ဦးတက်ရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဒီဆွေးနွေးပွဲမှာ ပူးပေါင်းဆောက်ရွက်ဖို့ သဘောတူတဲ့ အချက် ၈ ချက် ရရှိခဲ့တယ်ဟု SSA ရှမ်းပြည် တောင်ပိုင်း တပ်ဖွဲ့ရဲ့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မိန်းက ပြောသည်။
 

 ရှမ်းပြည်နယ်အတွင်းရှိ  မိုင်းပန်၊မိုးနဲဒေသများအား စံပြစီမံကိန်းအနေဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊  ကျိုင်းတုံတွင် ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အရ ရှမ်းပြည်နယ်တွင်  ၆ နှစ်အတွင်း မူးယစ်ဆေးဝါး ပ ပျောက်ရေး ကိစ္စရပ်များအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
 

မြစ်မခ


No comments:

Post a Comment