Pages
Sunday, October 7, 2012
မိုင်းဆက်မြို့နယ်တွင် ၀ါးရင်းဒုတ်ဖြင့် လူရိုက်သတ်မှုဖြစ်ပွား
အောက်တိုဘာ(၇)
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းဆက်မြို့နယ်၊ ကျမူးကျေးရွာတွင် အောက်တိုဘာလ (၄) ရက်နေ့ မနက်ပိုင်းမှာ ၀ါးရင်းဒုတ်ဖြင့် လူရိုက်သတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
`` သေဆုံးသူအမည်မှာ ကျလယ်(ဘ)ဦးကျထောဖြစ်ပြီး လားဟူလူမျိုးတစ်ဦး ဖြစ်ပါတယ်။ ၀ါးရင်းဒုတ်နဲ့ ရိုက်သူကတော့ ကျပေါ်အဲ ဖြစ်ပြီး တစ်ရွာတည်းသားချင်းများ ဖြစ်ပါတယ်။ စက်တင်ဘာလကုန် တုန်းက မိတ်ဆွေတစ်ဦးရဲ့အိမ်မှာ လားဟူရိုးရာကောက်သစ်စားပွဲရှိလို့ သူတို့ နှစ်ယောက်ထမင်းစားနေတုန်း ရန်ဖြစ်ခဲ့ကြသေးတယ်။ သေဆုံးသူ ကျလယ်မှ မင်းရေမချိုးဘဲ ထမင်းဝင် မစားနဲ့လို့ပြောခဲ့တာကြောင့် ကျပေါ်အဲနဲ့ စကားများရန်ဖြစ်ခဲ့တာပါ။ ကောက်သစ်စားပွဲမှာဆိုတော့ လူတွေများလို့ သူတို့နှစ်ယောက်ကို ၀ိုင်းဆွဲနိုင်ခဲ့တယ်။ ပြဿနာက ပြီးသွားပြီလို့ ထင်ထားခဲ့ပေမဲ့ ကျပေါ်အဲက မူးယစ်ဆေးဝါးသုံးစွဲနေတော့ စိတ်ထဲမှတ်ထားပြီး အခုလိုလူသတ်မှုအထိ ဖြစ်သွားတာပါ။ အခုတော့ဆွဲမည့်သူလည်းမရှိတော့ တစ်ယောက် က သေပြီး တစ်ယောက် က တရားခံဖြစ်နေပြီလို့´´ ကျမူးကျေးရွာမှ ရွာသားတစ်ဦးက ပြောသွားပါတယ်။
 တရားခံ ကျပေါ်အဲပုံ
တရားခံကျပေါ်အဲဟာ မူးယစ်ဆေးဝါးသုံးစွဲထားတဲ့အတွက် ရွာသားများမှ လုံးထွေးဖမ်းဆီးခဲ့ရပြီး ဦးခေါင်းမှာဒဏ်ရာ (၂)ချက်၊ (၀ဲ/ယာ) ခြေသလုံးတို့မှာဒဏ်ရာရရှိခဲ့ပါတယ်။ ဒါကြောင့် ကျပေါ်အဲကို မိုင်းဆက်ဆေးရုံကိုပို့ထားပြီး မိုင်ဆက်ရဲစခန်းမှလည်း ပြစ်မှုပုဒ်မ(၃၀၂)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
No comments:
Post a Comment