မန္တလေးအက်ဖ်အမ်နဲ့ ပဉ္စ၀တီအက်ဖ်အမ်
လိုင်း ၂ ခုက ဂီတအစည်းအရုံးကို ပေးစရာရှိတဲ့အကြွေး သိန်း ၂၀၀၀ နီးပါးကို
ပေးသွင်းလိုက်သလို ပြီးခဲ့တဲ့လကုန်ပိုင်းအထိ သုံးစွဲခဲ့တာတွေကိုလည်း
ပေးသွင်းတယ်လို့ ဂီတအစည်းအရုံးအတွင်းရေးမှူး အဆိုတော် ဖြူဖြူကျော်သိန်းက
ပြောပါတယ်။
ဂီတအစည်းအရုံးအသစ်က ဖော်ဆောင်တဲ့ ပွင့်လင်းမြင်သာမှု၊
ပြန်ကြားရေးဝန်ကြီးအသစ် ဦးအောင်ကြည်ရဲ့ အကူအညီနဲ့ မီဒီယာတွေရဲ့
ထုတ်လွှင့်မှုတွေကြောင့် အခုလို မြန်မြန်ဆန်ဆန်ရတာလို့ သူက ပြောပါတယ်။
ဒီငွေတွေကို ထုတ်လွှင့်မှု အကြိမ်ရေအလိုက် တေးရေး၊ တေးဆို၊ ဂီတ၀ိုင်း၊
အသံဖမ်းနဲ့ ထုတ်လုပ်သူတွေ အချိုးကျ ခွဲဝေယူကြရမှာ ဖြစ်ကြောင်း သိရပါတယ်။
ဂီတအစည်းအရုံး ဒေါ်ဖြူဖြူကျော်သိန်းနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ
နားဆင်နိုင်ပါတယ်။
No comments:
Post a Comment