Pages

Monday, October 1, 2012

SSA(၀မ်ဟိုင်း)အဖွဲ့မှ ကျေးရွာလူထုအား စခန်းပြင်ခိုင်း




SSA တပ်စခန်းတစ်ခု
SSA(၀မ်ဟိုင်း)အဖွဲ့မှ တပ်ရင်းမှူး အောင်လှဟာ တာခံဖူးကျေးရွာ၊ ၀မ်ကျောင်းကျေးရွာ၊ နာပေကျေးရွာ အနီးတ၀ိုက်မှာရှိတဲ့ SSA (၀မ်ဟိုင်း)ရဲ့ စခန်းတွေကို ပြင်ဆင်ဖို့အတွက် ၀မ်ဟိုင်းဌာနချုပ်ကနေ စေခိုင်း ချက်ကြောင့် စက်တင်ဘာလ(၂၈) ရက်မှ စတင်ကာ စခန်းတွေကို ပြင်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။

ဒီစခန်းတွေကို ၀မ်ဟိုင်းဌာနချုပ်မှ လူကြီးများ လာရောက်စစ်ဆေးမှာဖြစ်တဲ့အတွက် အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရမယ် လို့ ပြောဆိုပြီး ပတ်ဝန်းကျင်မှာရှိတဲ့ ရွာသုံးရွာက ရွာလူထုတွေကို လုပ်အားပေးခေါ်ယူ၍ သစ်ခုတ်တာတွေ၊ ၀ါးခုတ်ခိုင်းတာတွေ ၊ သယ်ခိုင်းတာတွေ ၊ ကျင်းတူးတာတွေကို ခိုင်းစေလျက်ရှိတယ်လို့ သိရပါတယ်။

ထိုကဲ့သို့ ကျေးရွာလူထုတွေကို လုပ်အားပေးခိုင်းစေခြင်းဟာ စက်တင်ဘာလ(၂၈)ရက်မှ စတင်၍ ယနေ့(၃၀) ရက်နေ့ အထိ (၃)ရက်ရှိပြီဖြစ်ပြီး စခန်းမပြီးမချင်း ခိုင်းသွားမယ်လို့  ဒေသခံတွေ က ပြောဆိုနေကြပါတယ်။ “ဒါတွေကရိုးသွားပါပြီကွယ် ခဏခဏခိုင်းနေကျပါ။ ခုလည်းလုပ်နေရတာပဲ အရင်ကလဲလုပ်ရတာပဲ နောက်လည်းလုပ်ရအုန်းမှာပဲ သေမှပဲကျွတ်မှာပါပဲ” ဟုဒေသခံ တစ်ဦးက ပြောပါတယ်။

SSA (၀မ်ဟိုင်း)အဖွဲ့ဟာ ဗမာအစိုးရနဲ့ တိုင်းဒေသကြီးအဆင့် ငြိမ်းချမ်းရေး ယူထားပြီးဖြစ်သော်လည်း ယခုအခါတွင် ငြိမ်းချမ်းရေးပျက်ပြားစေမည့် မူးယစ်ဆေးဝါးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ဒေသခံများအား ဖမ်းဆီးခြင်း၊ ဓားစာခံလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါတယ်။

No comments:

Post a Comment