Pages

Monday, October 29, 2012

အုမ္မစွမ် (ဌာနေ) ပြည်သူ့စစ်ခေါင်းဆောင်အား SSA (ရွက်ဆစ်) အဖွဲ့မှ လုပ်ကြံ သတ်ဖြတ်


အောက်တိုဘာလ (၂၉)


တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ အုမ္မစွမ်(ဋ္ဌာနေ) ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်အုန်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင် ၊ မိုင်းငေါ့မြို့နယ်ခွဲ၊ အုမ်းကျေးရွာနေ အုမ္မစွမ် (ဌာနေ) ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်အုန်းအား SSA (ရွက်ဆစ်) အဖွဲ့မှ အောက်တိုဘာလ (၁၀) ရက်နေ့ ညအချိန်တွင် လုပ်ကြံသတ်ဖြတ်သွားခဲ့ကြောင်း သိရပါတယ်။

ဦးကျော်အုန်း၏ အိမ်ခေါင်မိုးမှ သေနတ်မှန်ထားသည့် အပေါက်များ
ဦးကျော်အုန်း၏ ဇနီးဖြစ်သူ ဒေါ်မြ၀ါမှ “ ည (၉) နာရီလောက်မှာ ကျွန်မတို့အိမ်ကို SSA (ရွက်ဆစ်) အဖွဲ့မှ အင်အား (၄၀) ဦးခန့်ဟာ အဖွဲ့ (၃)ဖွဲ့ခွဲပြီး ၀ိုင်းထားပါတယ်။ ကျွန်မရဲ့ အမျိုးသားကို အပြင်ထွက်လာဖို့ အော်ပြော ပါတယ်။ ကျွန်မအမျိုးသားက သူ့သေနတ်ကို ယူပြီး အိမ်ရှေ့မှ ပြန်ခုခံပစ်ခတ်ပါတယ်။ အများနဲ့တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ရယ်၊ အပြင်မှာ မှောင်နေတာရယ်ကြောင့် နာရီ ၀က်ခန့် အကြာ မှာ အမျိုးသား သေဆုံးသွားခဲ့ပါတယ်။ ဒဏ်ရာတွေကတော့ ဘယ်ဘက်မျက်စိကိုထိပြီး ခေါင်းကဖောက် ထွက် သွား တာနဲ့ ညာဘက်ဝမ်းဗိုက်ကနေ့ ကျောကိုဖောက်ထွက် သွားတာတွေပဲဖြစ်ပါတယ်။ ကျွန်မ အမျိုးသား ရဲ့ သေနတ်ရယ် ကျည်ဆံတွေရယ် ၊ မိသားစုလက်ဝတ်လက်စားတွေအပြင် ငွေသိန်း (၂၀) ကျပ်နဲ့ စားသောက် စရာတွေကိုပါ ယူသွားကြပါတယ် ” လို့ပြောပြခဲ့ပါတယ်။

အုမ္မစွမ်ပြည်သူ့စစ် (ဌာနေ) အဖွဲ့သည် ၂၀၁၀ ခုနှစ်မေလမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ရွာပေါင်း (၅) ရွာမှ အင်အား (၆၀) ဦးနဲ့ ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။ ခေါင်းဆောင်ကတော့ ဦးကျော်အုန်းဖြစ်ပြီး အုမ်း ရွာသား တစ်ယောက်ဖြစ်ပါတယ်။ အုမ္မစွမ် (ဌာနေ) ပြည်သူ့စစ်အဖွဲ့ဟာ နယ်မြေဒေသကို ကာကွယ်ဖို့အတွက် တရားဝင် လက်နက်ကိုင်ဆောင်ရန်ခွင့် ရရှိထားတယ်လို့လည်း သိရပါတယ်။

SSA (ရွက်ဆစ်) အဖွဲ့မှ ပစ်ခတ်ခဲ့သည့် ကျည်ဆံအခွံများ
SSA (ရွက်ဆစ်) အဖွဲ့ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူထားပေမယ့် မြို့နယ် ကျေးရွာတွေမှာ ဘိန်းစိုက်ခြင်း ၊ ဘိန်းအရောင်းအ၀ယ်လုပ်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခြင်း၊ မကျေနပ်သူများကို သတ်ဖြတ် ခြင်းများကို လုပ်ဆောင်နေတဲ့အတွက် ဒေသခံပြည်သူများ လွန်စွာကြောက်ရွံ့ နေကြကြောင်း သိရပါတယ်။

ဝမ်းနည်းကြေကွဲနေသည့် ကျန်ရစ်သူ ဇနီးနှင့်ဆွေမျိုးများ

ဦးကျော်အုန်း၏ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ပေးနေသော အုမ်း ရွာသူ၊ရွာသားများ

No comments:

Post a Comment