Pages

Tuesday, October 23, 2012

သီပေါမြို့တွင် SSA(ရွက်ဆစ်)အဖွဲ့ ဆက်ကြေးကောက်ခံမှု များပြားနေ



အောက်တိုဘာ(၂၃)
ရှမ်းပြည်နယ်၊ သီပေါမြို့၊ ဈေးရပ်ကွက်တွင် အောက်တိုဘာလ(၁၄)ရက်နေ့ ညနေပိုင်းက SSA(ရွက်ဆစ်) အဖွဲ့မှ ဆက်ကြေးကောက်သွားကြောင်း သိရှိရပါတယ်။


ဆက်ကြေးအကောက်ခံရသူ ဈေးရပ်ကွက် ဘော်ကြိုဘုရားဂေါပကဥက္ကဋ္ဌ ဦးအောင်ခင်မှ `` အောက်တိုဘာလ (၁၄)ရက် ညနေအချိန်မှာ လူစိမ်း(၂)ဦး Kanbo ဆိုင်ကယ်စီးပြီး ကျွန်တော်ဆီကို ရောက်လာပါတယ်။ SSA (ရွက်ဆစ်)အဖွဲ့၊ ရင်း(၆၇၁) တံဆိပ်တုံး ရိုက်ထားတဲ့ ဆက်ကြေးစာရွက်ကိုပြပြီး ငွေ(၁၈)သိန်း တောင်းပါတယ်။ ကျွန်တော်လည်း အဆင်မပြေကြောင်းနဲ့ လျော့ပေးဖို့ တောင်းပန်တဲ့အခါမှာ (၁၁)သိန်းပဲ ပေးခဲ့ရပါတယ်။ ငွေရကြောင်းပြေစာ စာရွက်ကို သူတို့လက်မှတ်ထိုးပြီး ကျွန်တော့်ဆီကို ပေးခဲ့ပါတယ်´´ ဟု ဦးအောင်ခင် မှ ပြောကြားခဲ့ပါတယ်။
SSA(ရွက်ဆစ်)အဖွဲ့၊ ရင်း(၆၇၁)ဟာ ပုံဝိုး၊ တောင်ခြေ၊ တောင်ထိပ် နယ်မြေတွေမှာ ဆက်ကြေးကောက်နေတဲ့ သတင်းကို စစ်တပ်က သိသွားပြီး ရင်း(၆၇၁) ဆက်ကြေးတာဝန်ခံ ဗိုလ်ကြီး စိုင်းတနဲ့ ဇနီးတို့ကို သေနတ်(၁) လက်၊ ဆက်ကြေးကောက်ထားတဲ့ငွေ(၁၅)သိန်းကျော်နဲ့အတူ အသေဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဆက်ကြေးကောက်တာတွေ မရှိခဲ့ကြောင်းနဲ့ ယခုတစ်လောမှ စိုင်းတ နေရာတွင် ဆိုင်ခေးကို ဆက်ကြေးကောက် တာဝန်ခံအဖြစ် တာဝန်ပေးစေခိုင်းလာခြင်း ဖြစ်ပါတယ်။
SSA(ရွက်ဆစ်)အဖွဲ့ဟာ သီပေါမြို့မှာပဲ အောက်တိုဘာလ(၁၀)ရက်နဲ့ (၁၆)ရက်နေ့တွေ့မှာလည်း ပွဲရုံပိုင်ရှင် များ၊ ဆီဆိုင်များ၊ ကုန်တင်ကားပိုင်ရှင်များ၊ ကုန်ပစ္စည်းပိုင်ရှင်များထံမှ ဆက်ကြေးကောက်ယူသွားခဲ့ကြောင်း သီပေါမြို့ခံတစ်ဦးမှ ပြောကြားသွားပါတယ်။
SSA(ရွက်ဆစ်) ရင်း(၆၇၁)မှ ဆက်ကြေးကောက်ခံသည့် စာရွက်နှင့် ငွေရရှိကြောင်း ပြေစာတို့ကို Mail ဖြင့် ပေးပို့ပေးသည့် ကိုစိုင်းအောင်ကို shannews မှ ကျေးဇူးအထူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

ဆက်ကြေးကောက်သည့်စာရွက်
ငွေပေးကြောင်းလက်ခံစာရွက်


No comments:

Post a Comment