SSA (၀မ်ဟိုင်း) အဖွဲ့မှ ဘိန်းစွဲသူများထားသည့် အချုပ်ခန်းနေရာရွှေ့ပြောင်း
အောက်တိုဘာ(၉)
ရှမ်းပြည်နယ်၊
ကျေးသီးမြို့မှာ SSA (၀မ်ဟိုင်း)အဖွဲ့မှ ဘိန်းစွဲနေသူများအား ချုပ်နှောင်ထားသည့် အချုပ်ခန်း ကို
အောက်တိုဘာလ(၈)ရက်နေ့တွင် နေရာပြောင်းရွေ့လိုက်ကြောင်း သိရပါတယ်။
``SSA(၀မ်ဟိုင်း)အဖွဲ့ဟာ ဘိန်းစွဲနေတဲ့သူတွေချုပ်ထားသည့်
အချုပ်ခန်းကိုကျေးသီးမြို့နယ် ကတ်ပိန်း ကျေး ရွာ အနီးမှာ ထားပါတယ်။ စစ်တပက အဲဒီ့နေရာကိုသိသွားတယ်လို့သတင်းရလို့
ပြောင်းသွားတာပါ။ ယခုနေ ရာသစ်ကို ဟာဝမ်းကျေးရွာဘက်မှာဆောက်နေတယ်။ အချုပ်ခန်းကို လာရွှေ့သွားတဲ့
SSA စစ်သား အရေ အ တွက် ကတော့ ၂၀ ကျော်လောက်ရှိပါတယ်ဟု´´ကတ်ပိန်းရွာခံတစ်ဦးမှ ပြောပြသွားပါတယ်။
SSA (၀မ်ဟိုင်း) အဖွဲ့သည်
၎င်းတို့အဖွဲ့နှင့် မသင့်မြတ်သည့်သူများ၊ ၄င်းတို့အမိန့်မနာခံသည့် ရှမ်းပြည်သူ/ ပြည်
သား များအား
မူးယစ်ဆေးဝါးစွဲအောင် နည်းမျိုးစုံဖြင့်ပြုလုပ်ပြီး အချုပ်ခန်းထဲတွင်ထည့်ကာ ဆေးဖြတ်
ထားကြောင်း
သိရပါတယ်။ ဆေးအလွန်လိုချင်လာသည့်သူများကို ၄င်းတို့လုပ်ငန်းများဖြစ်သော ဆက်ကြေး
ကောက်ခြင်း ၊ ဘိန်း
ရောင်းဝယ်ခြင်း လုပ်ငန်းတွေမှာ ခိုင်းစေကြပါတယ်။ ဒါကြောင့် ရှမ်းပြည်လူထုအနေနဲ့
ဘိန်းစွဲနေသူများအား ချုပ်
ထား သည့်အချုပ်ခန်းကို အလွန်ကြောက်လန့် နေကြကြောင်း သိရပါတယ်။
No comments:
Post a Comment