Pages

Thursday, October 4, 2012

TNLA နှင့် မြန်မာတပ်ဖွဲ့တို့ အောက်တိုဘာ ၄ရက်နေ့အထိ တိုက်ပွဲဆက်



၂၀၁၂ ခုနှစ်၊အောက်တိုဘာလ၄ရက်နေ့ နံနက် ၃း၄၅ နာရီခန့်တွင် မြန်မာအစိုးရတပ်ဖွဲ့မှ တအာင်းတပ်ဖွဲ့ TNLA တပ်ရင်း ၂၅၆ ခွဲ(၁) ရှိရာ ပန်စရော့တောင်သို့ (နမ့်ဆန်မြို့နှင့် ၆ မိုင်ခန့်ကွာ) ၆၀ မမ၊ ၈၂ မမ လက်နက်ကြီး များဖြင့် ပစ်ကာ အတင်းထိုးစစ် ဆင်နေခဲ့သည်။

 တဖက်နှင့်တဖက် အပြန်အလှန် ပစ်ခတ်ကြပြီး နံနက် ၅း၀၀ ခန့်တွင် ပတ်ခတ်မှု ငြိမ်သက်သွားခဲ့သည်။ နှစ်ဖက် ထိခိုက် ကျဆုံးမှုများ မသိရှိရသေးပါ။ မြန်မာတပ်ဖွဲ့တို့သည် နောက်ပြန်ဆုတ်သွားပြီး အဝေး မှနေ၍ ၈၂ မမ လက် နက်ကြီးဖြင့် ခပ်ကြဲကြဲ ပစ်ခတ်နေလျှက်ရှိသည်။

ယခု သတင်းပို့ချိန် ၁၀း၅၁ နာရီတွင် ၈၂ မမ တလုံးထပ်မံ ပစ်လာသည်ဟု အောက်ခြေတပ်မှ သတင်းပို့လာသည်။ လက်နက်ကြီးများသည် ဒေသခံလူထုများ၏ အားလူး၊ ပြောင်းဖူး စိုက်ခင်းထဲသို့ ထိမှန် ကျရောက်ကြောင်း သိရှိ ရသည်။

palaung national

No comments:

Post a Comment