Pages

Tuesday, October 30, 2012

TNLA မူးယစ်ဆေးဝါးတိုက်ဖက်ရေး ခရီးစဉ်

အောက်တိုဘာ(၃၀)



T.N.L.A တအာင်းတပ်ဖွဲ့ တပ်ရင်း ၂၅၆ တပ်ဖွဲ့သည် ကျောက်မဲမြို့နယ် မိုင်းလုံအုပ်စုရှိ ပါလှိုင် ကျေးရွာတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် စည်းရုံးရေးအတွက် လူထုဆွေးနွေးပွဲကို ယနေ့ ၂၉ ရက် အောက်တိုဘာလ နံက် ၉ နာရီခန့်မှ နေ့လယ် ၁၁ နာရီခန့်ထိ ပြုလုပ်ခဲ့ပါသည်။

ထိုလူထုဆွေးနွေးပွဲသို့ ပါလှိုင်ကျေးရွာရှိ တအာင်းမိဘပြည်သူ သုံးရာနီးပါးခန့် တက်ရောက်ခဲ့ကြပြီး မူးယစ်ဆေးဝါးပြဿနာများ၊ ဒေသခံပြည်သူ ရင်ဆိုင်နေရသည့် ပြဿနာများ တအာင်းတပ်ဖွဲ့နှင့်အတူ ပွင့်လင်း ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

တအာင်းတပ်ဖွဲ့၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး မှချမှတ်သော
- တအာင်းဒေသအတွင်း ဘိန်းစိုက်ပျိုးခြင်းမပြုရ
- တအာင်းဒေသအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်ခြင်းမပြုရ
-တအာင်းဒေသအတွင်း မူးယစ်ဆေးဝါးသုံးစွဲခြင်းမပြုရ

ဟူသော လမ်းညွန်ချက်ကို ဒေသခံ မိဘပြည်သူများက တခဲနက်ထောက်ခံအားပေးခဲ့ကြပါသည်။ တအာင်းဒေသအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် တအာင်းတပ်ဖွဲ့နှင့်အတူ လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားရန်လည်း သဘောထားပေးကာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ကြပါသည်။
TNLA ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ခရီးစဉ်အတွင်း ရူခ်ုရ်ကျေးရွာမှ တအာင်း မိဘပြည်သူများက၀မ်းသာ ကြိုဆိုနေကြစဉ်
 
ထိုဆွေးနွေးပွဲပြီးနောက် ရွာဦးဘုန်းကြီးကျောင်းအတွက် သီတင်းကျွတ် သင်္ဃန်း ပူဇော်သည့် 

တအာင်းဓလေ့ထုံစံ ရိုးရာပွဲတော်ကို တအာင်းတပ်ဖွဲ့ဝင် ရဲဘော်များက ဒေသခံ မိဘပြည်သူများနှင့်အတူ 

ရင်းနှီး ပျော်ပါးစွာ ဆင်နွဲခဲ့ကြပါသည်။

PALAUNG NATIONAL SOCIETY
PALAUNG NATIONAL SOCIETY

No comments:

Post a Comment