Pages

Tuesday, November 27, 2012

"ဇွဲကပင်ဆောင် စာစစ်ဌာနတွင် မီးလောင်မှုဖြစ်ပွား”

နိုဝင်ဘာ(၂၇)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi55YkTXupwdOnaw3PPDZTW8tT1JUc87Gb-ChlttNFY5EWc51bNGauuK0jW9EGAwq0VTL4hW4oQxTuk6KGzkRjT9nLAwV586tLdFpbbAE5I3oAH5iKYE5tD40_fNlPM2d1sHnLJ3K_c5tE/s1600/shwe+myanmar+group..jpg 

ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ အတွင်းရှိ ဇွဲကပင်ဆောင်စာစစ်ဌာ န၌ ယနေ့ နံနက် အစောပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဇွဲကပင်ဆောင် စာစစ်ဌာန၏ အနောက်ဘက် ဧရာဝတီတိုင်းဒေသကြီး စာစစ်စာရင်းများထားရှိသည့် အခန်းတွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နံနက် ၆ နာရီခွဲက စတင်ခဲ့ခြင်းဖြစ်သည်။
မိနစ် ၂၀ အတွင်း မီးငြှိမ်း
သတ်နိုင်ခဲ့ကြောင်း လှိုင်မြို့နယ်မီးသတ်စခန်းမှ အရာရှိတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းကိုမူ လတ်တလောတွင် စုံမ်စးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

"မီးခိုးတွေ အူပြီးထွက်လာတာတော်တော် ကြာနေပြီ။ နောက်မှ
မီးလောင်နေမှန်း သိတာ" ဇွဲကပင်ဆောင်အနီးတွင် ဈေးရောင်းချနေသူ
 ဈေးသည်တစ်ဦးက ပြောသည်။

ယင်းမီးလောင်မှုနှင့်ပတ်သက်၍ ဇွဲကပင်ဆောင်သို့ ဆက်သွယ်မေးမြန်းရာ လတ်တလောတွင် ပြောပြပေးနိုင်ခြင်း မရှိကြောင်းမီးလောင်ကျွမ်းရသည့်
အကြောင်းအရင်းကို စုံစမ်းနေသေးကြောင်း ပြန်လည်ပြောကြားသည်။

ယင်းမီးလောင်မှုဖြစ်စဉ်သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မီးသတ်ယာဉ်
စုစုပေါင်း ၁၇ စီး မီးသတ်အင်အား ၁၂ ကျော်ဖြင့်မီးငြှိမ်းသတ်ခဲ့ကြောင်း
 လှိုင်မြို့နယ်မီးသတ်စခန်းမှ ထုတ်ပြန်သည်။



7 Day News 


No comments:

Post a Comment